Tuesday, February 25, 2014

အိမ်ပြေးလေးတို့ ခိုလှုံရာ - ( ၃ )



        အိမ်ပြေးကောင်လေးကို အလုပ်ပေးနိုင်မယ့်အလုပ်ရှင် ၂၀၀ ခန့်စာရင်းကို ပြုစုထားပါတယ်။ အလုပ်လိုအပ်သည်ဆိုသည့် ကြေညာတွေကို သူ ရှာပါတယ်။ မနက်တိုင်း ကောင်လေးတွေ တဝက်လောက် အိမ်မှာနေခဲ့ပြီး၊ အိမ်အလုပ်တွေကို လုပ်ကိုင်ပါတယ်။ နောက်ကောင်လေးတစ်ဝက်ကို ရထားခနှင့် နေ့လည်စာထမင်းဖိုးပေးပြီး၊ အလုပ်ရှာဖို့လွှတ်ပါတယ်။ 

          နေ့ပိုင်းမှာတွေ့သောကောင်လေးတွေကိုလည်း အီဗါအိမ်ကို ခေါ်လာပါတယ်။ မနက် ၅နာရီခွဲမှာ အီဗါအိပ်ယာထပါတယ်။ ကောင်လေးတွေအတွက် လက်ကားဈေးမှာ အစားအသောက်ဝယ်ပါတယ်။ တစ်ပါတ်မှာ လေးရက်ဈေးဝယ်ပါတယ်။ ကောင်လေးတွေအလုပ်လုပ်နေစဉ်၊ အုပ်စုတစ်ခုစီလုပ်ရမယ့် နေ့စဉ်အလုပ်တွေကို သူ ချရေးပါတယ်။ အလုပ်ရှာမယ့်အုပ်စုအတွက် မိတ်ဆက်စာတွေကို အရင်ညတုန်းကထဲက သူ ရေးပြီးပါပြီ။

           နေ့လည်ပိုင်းမှာ ကမ္ဘာလောကကြီးထဲရောက်သွားတဲ့ကောင်လေးတွေနဲ့ စာပေးစာယူ လုပ်ပါတယ်။ အလုပ်ရှင်ဖြစ်လာနိုင်သူတွေနဲ့ အင်တာဗျူးစာတွေရေးပါတယ်။ တစ်ပါတ်မှာလေးရက် ညပိုင်းအချိန်မှာ သူ့ကိုယ်ပိုင်ဘုရားကျောင်းမှာ တရားဟောပါတယ်။ တခြားညတွေမှာ သူ့ရဲ့ခိုကိုးရာအိမ်အပေါ်မှာ စိတ်ဝင်စားတဲ့ အဖွဲ့အစည်းတွေဆီမှာ တရားဟောပါတယ်။ ည ၁၀နာရီလောက်မှာ သူ အပြင်ထွက်ပြီး အိမ်ပြေးကောင်လေးတွေကို လိုက်ရှာပါတယ်။ 

          ကံကောင်းစွာဖြင့် အီဗါတွင် အခကြေးငွေမယူဘဲ သူပြောသည့်အတိုင်း ဆောင်ရွက်ပေးမည့် လက်ထောက်ငါးယောက်ရရှိပါတယ်။ ငါးယောက်အနက်တစ်ဦးက မာဂရက်ဘယ်လန် ဖြစ်ပါတယ်။ အိမ်ထောင်ရှင်မတစ်ဦးဖြစ်ပါတယ်။ အီဗါကို ချစ်ခင်မြတ်နိုးသောကူညီသူတစ်ဦးဖြစ်ပြီး၊ ၄၅နှစ်ကြာ ကူညီခဲ့ပါတယ်။ 

          မစ္စဘယ်လန်သည် ပထမအင်္ဂလန်နိုင်ငံ လစ်ဗါပူးမြို့မှာ နေထိုင်ပါတယ်။ သူ့မယောက်ျားသည် ရေဒီယိုအော်ပရေတာအလုပ်ကို မော်ရေတီးနီးယားသင်္ဘောမှာ လုပ်ကိုင်ပါတယ်။ အိမ်မဲ့ယာမဲ့ကောင်လေးများကိုကူညီသည့်အီဗါန်အကြောင်းကို ကြားရသောအခါ သူသည် အီဗါန်ကို အလုပ်နားရက်များတွင် လာရောက်ကူညီပါသည်။ ထို့နောက် သူ့မိန်းမကို ကူညီရန်စေလွှတ်ပါသည်။ ဘယ်လန်အလုပ်မှထွက်ပြီးသောအခါ အချိန်ပြည့် ဂေါဟာတွင် သေသည့်အထိ လာရောက်လုပ်ကိုင်ခဲ့ပါသည်။ 

          အမျိုးမျိုးသောအလှူအတန်းများကို မှီခိုနေရသည့်အပြင်၊ အခြားသော လက်ဆောင်ပေးခြင်းများ ကိုလည်း မှီခိုနေရပါသည်။ ပေါင်မုန့်တိုက်များမှ တစ်နေ့တာရောင်းချအပြီး လက်ကျန်များကို အီဗါ့ဂေဟာသို့ ပေးပါသည်။ ကုန်သည်တစ်ဦးမှ တစ်ပါတ်လျှင် ငါးပေါင်ချိန် ၅၀ ပေးပါသည်။ အခြားအလှူရှင်များသည် အဝတ်စများ၊ ဆပ်ပြာတုံးများနှင့် ဆီသွတ်ဗူးများကို ပေးလှူကြပါသည်။


          နှစ်ပေါင်းများစွာကြာလာသောအခါ အလှူရှင်များသည် မည်သည့်ပစ္စည်းကို မည်သည့်အချိန်တွင် လှူရမည်ကို ကွဲပြားစွာ သိလာကြပါသည်။ မစ္စသီအိုဒိုရုစ်ဘဲ့စ်သည် အီဗါန့်ဂေဟာသို့ အစားအစာနှင့် အဝတ်အစားများ ပုံမှန်လှူဒါန်းလေ့ရှိပါသည်။ တခါတရံတွင် ဂေဟာတွင် လိုအပ်သည်ကို အာရုံဖြင့်သိပြီး၊ လာလှူဒါန်းသည်ဟု ထင်စရာကောင်းပါသည်။ တစ်နေ့ဂေဟာတွင် နေ့လည်စာစားနေကြပါသည်။ အီဗါမှ ကောင်လေးတစ်ယောက်အား အစားအသောက်အတွက် ကျေးဇူးတင်ရန်ပြောလိုက်ပါသည်။ 

“ကျွန်တော်တို့ ဂေါ်ဖီနှင့်အားလူးပဲစားနေရတာပဲလေ” လို့ ကောင်လေးက ပြန်ပြောပါတယ်။

“ဒါအမှန်ပဲလေ။”

“ဒါပေမဲ့၊ ငါတို့စားရတဲ့အတွက် ကျေးဇူးတင်ရမယ်ကွ။” လို့ အီဗါ ပြန်ပြောလိုက်တယ်။

          တံခါးခေါင်းလောင်းမည်သောကြောင့် အီဗါ စကားဆက်ပြီး မပြောနိုင်လိုက်ပါ။ 

          မစ္စရု့စဗဲ့ ထံမှ ဝက်ပေါင်ခြောက်ကျပ်တိုက်ကို ပစ္စည်းပို့သူ လာပို့ပေးခြင်းဖြစ်ပါသည်။

          တစ်ခါတုံးက သမ္မတကတော်ပေးပို့သောပထမဆုံးဆွယ်တာလေး ဘယ်လိုဖြစ်သွားကြောင်း ပြောပြသောအခါ သမ္မတကတော်မှ ကောင်လေးများအတွက် ဆွယ်တာဒါဇင်ပေါင်းများစွာ ထိုးပေးပါသည်။ ဆွယ်တာများ ဂေဟာသို့ရောက်လာသောအခါ ကောင်လေး ၁၂ ယောက်စာ လိုနေပါတယ်။ ကောင်လေးတွေအားလုံးလည်း ဆွယ်တာကိုလိုချင်ကြပါတယ်။ အီဗါကတော့ ဒီတစ်ပါတ်အတွင်း အကောင်းဆုံးနေထိုင်သူကို ဆွယ်တာပေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

          အီဗါ့အခန်းတံခါးအောက်ကို စက္ကူလေးတစ်စ တိတ်တိတ်ထိုးထည့်ထားပါတယ်။

“အို၊ အဖဘုရားသခင်၊ ကျွန်တော့်ကို ပိုကောင်းအောင်ကြိုးစားပေးပါ။ ဆွယ်တာကို ကျွန်တော် ဘယ်လောက်လိုချင်တယ်ဆိုတာ အဖသိပါတယ်။”

          မစ္စရု့စဗဲ့ကို အီဗါ ဆွယ်တာလိုချင်ကြောင်းရေးထားတဲ့ကဗျာလေးကို ပြောပြသောအခါ ချက်ချင်း ဆွယ်တာဆိုင်ကို ခေါ်သွားပြီး၊ ဆွယ်တာ ၄၀ ရွေးယူရန် ပြောလိုက်ပါတယ်။ လောင်းအိုင်လန်းမှအမျိုးသမီးများ ထိုအကြောင်းကို ကြားရသောအခါ အုပ်စုဖွဲ့လိုက်ကြတယ်။ ပြီးတော့ မစ္စရု့စဗဲ့အမှတ်တရအနေနှင့် ဆွယ်တာထိုးကြပါတယ်။

          ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုသည့်အဖြေအတွက် အီဗါ အဆန်းတကျယ် မဖြစ်မိပါဘူး။ နယူးယောက်မြို့လူမှုကူညီသူတစ်ယောက်နှင့် တွေ့ဆုံသောအခါ အီဗါကို သူက ဒီလိုပြောပါတယ်။

“ထမင်းတစ်ပန်းကန် လာစားသူကို ဒေါ်လာ ၃ ဒေါ်လာခွဲပေးမယ်ဆိုတဲ့ အစီအစဉ်တစ်ခုကို မနေ့ညတုန်းက ကျုပ်တို့ စလုပ်တယ်ဗျ။”

“ဘာအတွက်များလဲဗျာ” လို့ အီဗါ မေးလိုက်ပါတယ်။

“ကောင်လေးတွေရောက်လာဖို့ အကောင်းဆုံးနည်းလမ်းလို့ စဉ်းစားပြီး လုပ်တာဗျ။”

“ကောင်းတာပေါ့ဗျာ” လို့ အီဗါ ပြန်ပြောပါတယ်။

“ခင်ဗျားတို့ စကားတွေပြောနေချိန်မှာ ကျုပ် ကောင်လေး ၇ ယောက်တွေ့ပြီဗျ။ ကျုပ်အတွက်တော့ ကောင်လေးတွေ ကျုပ်ဂေဟာကို ရောက်လာဖို့ မီးရထားလက်မှတ်ဖိုးလောက်ပဲ ကုန်တယ်ဗျာ။” လို့ အီဗါ ပြန်ပြောလိုက်ပါတယ်။ 

( Guardian Angel of Bewildered Boys by Collie Small ကို ဘာသာပြန်ဆိုပါသည်။  )

No comments:

Post a Comment