Friday, February 14, 2014

H+အယူအဆ(၁)



     ( အချောသတ်၍ မပြီးသေးပါ။ ရေးပြီးသလောက်ကို ပြန်တင်ခြင်းဖြစ်ပါသည်။ )
 
   အခုနှစ်ပိုင်းမှာ မကြာခဏသတိတရတွေးမိတဲ့အကြောင်းအရာတစ်ခုကတော့ ကိုးကွယ်ရာဘာသာတရားဆိုသည့် အကြောင်းအရာလေးပါ။ တွေးဖြစ်စေသည့်အကြောင်းအချက်ကတော့ ကမ္ဘာပေါ်ရှိနေရာအတော်များများမှာ ဘာသာတရားအစွန်းရောက်မှုကြောင့် လူတွေသေကြေပျက်စီးပြီး၊ ဒုက္ခရောက်နေလို့ပါ။

          ဘာသာရေးဆိုသည့် ခေါင်းစဉ်မှာ အလွန်အထိမခံဘဲ အကဲဆတ်လွန်းသောခေါင်းစဉ်ဖြစ်သောကြောင့် ဘာသာရေးအတွက် အသက်ပေးကြသည်အထိ ပေးဆပ်လေ့ရှိပါသည်။ “ဘာသာရေး” ဆိုသည့်စကားလုံးကို “ကိုးကွယ်ယုံကြည်ရမည့်အရာ” ဟူသော အဓိပ္ပါယ်ဖြင့်ဖွင့်ဆိုမိကြပါသည်။ ထို့အပြင်အခြားသော “ဘဝနေနည်း” ဆိုသည့် အဓိပ္ပါယ်တစ်ခုကိုလည်း ဖွင့်ဆိုနိုင်ပါသည်။

          “ကိုးကွယ်ယုံကြည်ခြင်းအဓိပ္ပါယ်နှင့် ဘဝနေနည်းအဓိပ္ပါယ်” နှစ်မျိုးလုံးဖြင့် ကျွန်တော်တို့ ဘဝအတွင်းသို့ သက်ရောက်နေနိုင်ပါသည်။

          လူသားများသည် သက်ဆိုင်ရာဘာသာဝင်အလိုက် ဝတ်ပြုကိုးကွယ်မှုများပြုလုပ်ကြသည်။ ဘာသာတရားများအလိုက် ကိုးကွယ်သည့်ဘုရားများ ကွာခြားကြသည်။ ဝတ်ပြုမှုအစီအစဉ်များ ကွာခြားကြသည်။ 

          ဘဝနေထိုင်နည်း၊ စည်းမျဉ်းစည်းကမ်း၊ စောင့်ထိန်းမှု၊ ဆုပေး၊ ဒဏ်ပေးစနစ်များသည် ဘာသာတရားများအလိုက် ကွာခြားကြသည်။ သို့သော် တူညီမှုတစ်ခုမှာတော့ ကျွန်တော်တို့အားလုံးသည် လူသားများဖြစ်ကြပါသည်။ လူသားတို့၏ ဖြစ်တည်မှုနှင့်တန်ဖိုးကို ပြန်လည်မြင့်တင်ဖို့မှာ ယခုကာလတွင် အရေးတကြီးဆန်းစစ်သင့်သောကာလပင်ဖြစ်ပါသည်။

          ဘာသာဝင်ဟူသော တံဆိပ်ကပ်မှုကို ဘေးဖယ်ထားလိုက်ပါ။ မည်သည့်ဘာသာဝင်ဖြစ်စေ လူသားပင်ဖြစ်သည်။ လူသားတို့အတွက် ထပ်မံ၍ပေါင်းထည့်ရန် ဘဝနေနည်းများကို စာရေးဆရာ Edward de Bono မှ တင်ပြထားခြင်းဖြစ်သည်။

          Edward de Bono မှ ကျွန်တော်တို့အား လူပီသသောဘဝတစ်ခုကို ပိုင်ဆိုင်နိုင်စေရန် လူသားတို့၏ ထူးခြားသောအရည်အသွေးကို မြှင့်တင်ရန်အတွက်ဖြစ်ပါသည်။ ဒီဘိုးနိုး၏ အယူအဆစကားလုံးများသည် အင်္ဂလိပ်စာလုံး H နှင့် အစပြုထားသောကြောင် H+အယူအဆ ဟု နာမည်ပေးထားပါသည်။
         
 Belief ( ယုံကြည်မှု )

          ဘာသာတိုင်းလိုလိုရဲ့ ယုံကြည်မှုဟာ သဘာဝလွန်တရားတွေကိုယုံကြည်ခြင်းကို အခြေခံပါတယ်။ ဥပမာအားဖြင့် God အပေါ်ယုံကြည်ခြင်း၊ သဘာဝလွန်စွမ်းအားများအပေါ်ယုံကြည်ခြင်းကဲ့သို့ အယူအဆများဖြစ်ပါတယ်။ 

          H+အယူအဆ အရဆိုရင်တော့ သင်ယုံကြည်ရမည့်အရာမှာ သင့်ကိုယ်ပိုင်အလားအလာများနှင့် သင်နှင့်ဘဝတူလူသားများ၏ အလားအလားများဖြစ်ပါတယ်။ 

          သင့်ကိုယ်ပိုင်အလားအလာတွေဖွံဖြိုးတိုးတက်လာဖို့အတွက် H+အယူအဆက အခြေခံအချက်အနေနှင့့် လုပ်ဆောင်ပေးပါမယ်။ သင့်ကိုယ်ပိုင်အနာဂါတ်တိုးတက်ဖွံဖြိုးလာမယ်လို့ ယုံကြည်လိုက်ပါတော့။

Compatible ( ဆီလျှော်မှုရှိခြင်း )

          H+အယူအဆ သည် ဘဝနေနည်းတစ်ခုဖြစ်ပြီး၊ အခြားသောဘာသာတရားများ၊ ယုံကြည်မှုများနှင့် လုံးဝဆီလျှော်ကိုက်ညီပါသည်။ 

          H+အယူအဆသည် အခြားသောယုံကြည်မှုစနစ်များကို တိုက်ခိုက်ခြင်း၊ တွန်းဖယ်ခြင်း မရှိပါ။
          ယခုလက်ရှိအချိန်တွင် ကိုးကွယ်နေသောဘာသာတရား၏ယုံကြည်မှုနှင့် တန်ဖိုးထားမှုများကို ဆက်လက်ထိန်းသိမ်းပါ။ H+အယူအဆကို ထပ်မံပေါင်းထည့်လိုက်ပါ။ 

          H+အယူအဆသည် “လက်တွေ့လုပ်ဆောင်မှု” ကို ယူဆောင်ပေးပါသည်။ များစွာသောဘာသာတရားများသည် လက်တွေ့လုပ်ဆောင်မှုကို သွယ်ဝိုက်သောနည်းဖြင့် ဖွင့်ဆိုထားသောကြောင့် လုပ်ဆောင်မှုကိုအခြေခံသော H+အယူအဆမှာ ပိုမိုရှင်းလင်းလွယ်ကူပါလိမ့်မည်။
 
          “လက်တွေ့လုပ်ဆောင်မှု”ကို သင်လက်ရှိယုံကြည်နေသောဘာသာတရားနှင့် ယုံကြည်မှုစနစ် အတွင်းပေါင်းထည့်၍ရပါသည်။ ဆန့်ကျင်တုံ့ပြန်ခြင်း မရှိပါ။

Different ( ကွဲပြားခြင်း )

          ဘာသာတရားအများစု၏ ဦးတည်ချက်မှာ ဒုစရိုက်တရားနှင့် မှားယွင်းသောလုပ်ဆောင်ချက်များကို ရှောင်ကြဉ်ရန်ဖြစ်ပါသည်။ H+အယူအဆသည် အပြုသဘောလုပ်ဆောင်ချက်ကို အဓိကရှေးရှုထားပါသည်။ သင် ကိုယ်တိုင်လူ့လောကကို ထည့်ဝင်ပေါင်းစည်းပေးရမည်။ ဒုစရိုက်ကို ရှောင်ကျဉ်ခြင်းဖြင့် မလုံလောက်သေးပါ။ H+အယူအဆသည် လူ့လောကကြီးနှင့်  ပူးပေါင်းဆောင်ရွက်ရမည်။ လုပ်ဆောင်ပေးရမည်။ 

       ဘာသာတရားများစွာသည် လောကီအာရုံများကို ဖြတ်တောက်ရန်နှင့် ငြိမ်းချမ်းရေးတရားကို ရှာဖွေရန် တိုက်တွန်းကြပါသည်။ H+အယူအဆ၏ အကူအညီနှင့် ထိုရည်မှန်းချက်များကို လုပ်ဆောင်ပြီး၊ အောင်မြင်မှုရရှိစေမည်။ သင့်ကိုယ်ကို တန်ဖိုးထားမှုကို သင်၏အောင်မြင်မှုများမှရရှိစေမည်။ တရားရှုမှတ်ခြင်းမှ ရယူပေးမည်မဟုတ်ပါ။  

         H+အယူအဆစနစ်တွင် အတွင်းပိုင်းယုံကြည်မှုများ မပါဝင်ပါ။ မိမိကိုယ်ကို ယုံကြည်မှုသာလျှင် ပါဝင်ပါသည်။ သင် ပိုင်ဆိုင်သည်များကို ယုံကြည်ရန်ထက်ပို၍ သင် လုပ်ကိုင်နိုင်သည်များကို ပိုမိုယုံကြည်ရန်လိုအပ်ပါသည်။ H+အယူအဆကို ကျင့်သုံးနေစဉ်တွင် အခြားသောယုံကြည်မှုများကို ယုံကြည်နိုင်ပါသည်။

     A Way of Life ( ဘ၀နေနည်းတစ်ခု )

      H+အယူအဆသည် ဘဝနေနည်းတစ်ခုပင်ဖြစ်ပါသည်။ ဘာသာတရားကဲ့သို့ အရေးကြီးသော ဘဝနေနည်းတစ်ခုကို တီထွင်ထားခြင်းဖြစ်ပါသည်။

Positive and Negative ( ဆောင်ရွက်ခြင်းနှင့် တားမြစ်ခြင်းသဘောတရား )

      ဘာသာတရားအများစုသည် ကျွန်ုပ်တို့ မလုပ်ဆောင်သင့်သည်များကို ပြဌာန်းကြပါသည်။ ဒုစရိုက်နှင့် ပြစ်မှုများကို သတ်မှတ်ထားပါသည်။ ထာဝရလောင်ကျွမ်းမည့် ငရဲမီးများလည်း ပါဝင်ပါသည်။

          H+အယူအဆမှာ အပြုသဘောဆောင်ပါသည်။ ရှောင်ကြဉ်ရမည့်ဒုစရိုက်များထက်ပို၍ လုပ်ဆောင်ရမည့်အရာများကို အလေးထားပါသည်။
ဘာသာတရားအများစုရှိ တားမြစ်ထားသောပြဌာန်းချက်များ၏မူလရည်ရွယ်ချက်မှာ လူသားများကို သင့်တော်သည့်နည်းလမ်းများအတိုင်း နေထိုင်ဆောင်ရွက်ပြီး၊ လူ့လောကအဖွဲ့အစည်းကို စနစ်တကျရှိစေရန်ဖြစ်ပါသည်။ 

            H+အယူအဆတွင် တားမြစ်ချက်များသည် ဥပဒေများ၊ ဘာသာတရားများ၊ ကျင့်ဝတ်တရားများနှင့် လူလောကစံနှုန်းများရှိ အချက်များအတိုင်းဖြစ်ပါသည်။ လူလောကကို တားမြစ်ချက်များအတိုင်း လည်ပတ်စေပါမည်။ H+အယူအဆရှိ အပြုသဘောများဖြင့် ဆောင်ရွက်မှုများကို ထပ်မံပေါင်းထည့်မည်။


No comments:

Post a Comment