Wednesday, March 26, 2014

မျက်မမြင်၏ စိမ်ခေါ်ပွဲ



       ချာလီဘော့စ်ဝယ်ဆိုတာ ကျွန်တော့်ရဲ့သူရဲကောင်းတွေထဲမှ တစ်ယောက်ပါ။ အခြေအနေ အခက်အခဲတွေကို ရုန်းထွက်ဖို့၊ ဘဝကို အဓိပ္ပါယ်ရှိစွာရှင်သန်ဖို့ ကျွန်တော့်ကို လမ်းညွှန်ပေးခဲ့သူပါ။ အခြားလူပေါင်းများစွာလည်း သူ့ကြောင့် ဘဝအမြင်တွေ ပြောင်းလဲခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးတုန်းက မီးလောင်နေတဲ့တင့်ကားမှ သူ့သူငယ်ချင်းကို ကယ်တင်ဖို့ ကြိုးစားရင်း မျက်စိကွယ်ခဲ့ရတာပါ။ မျက်စိမကွယ်မှီက သူဟာ ထင်ရှားတဲ့ အားကစားသမားတစ်ဦးပါ။ 
    သူ့ရဲ့ထူးချွန်မှုနဲ့ဇွဲသတ္တိကို ပြသရန်အတွက် အားကစားနည်းသစ်တစ်မျိုးကို ကစားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ထိုအားကစားနည်းသစ်ကို သူ မျက်စိမကွယ်ခင်မှာတောင် မကစားဖူးပါဘူး။ ဂေါက်သီးကစားခြင်းပါ။

          ဇွဲသတ္တိရှိခြင်း၊ အားကစားကိုချစ်မြတ်နိုးခြင်းတို့ကြောင့် တစ်နိုင်ငံလုံး၏ မျက်မမြင်ဂေါက်သီးချန်ပီယံ ဖြစ်လာခဲ့ပါတယ်။ ၁၃ကြိမ် ချန်ပီယံဖြစ်ခဲ့ပါတယ်။ သူလေးစားအားကျခဲ့ရတဲ့အားကစားသမားက ဂေါက်သီးအကျော်အမော် ဘင်ဟိုဂန်ဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ်မှာချာလီ ဘင်ဟိုဂန်ဆုရခဲ့ပါတယ်။ ထိုဆုရခြင်းကြောင့် ချာလီအတွက် ဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်။

           ချာလီ ဘင်ဟိုဂန်ကို တွေ့ချိန်မှာ အံ့သြတုန်လှုပ်နေပါတယ်။ ချာလီက သူ့မှာ ဆန္ဒတစ်ခုဖြစ်ခဲ့တယ် လို့ပြောပါတယ်။ အဲဒီဆန္ဒကတော့ ဂေါက်သီးအကျော်အမော်ဘင်ဟိုဂန်နဲ့ဂေါက်တစ်ပွဲလောက် ရိုက်ချင်ခဲ့တာပါ။

     မစ္စတာဟိုဂန် ဂေါက်သီးတစ်ပွဲကို အတူရိုက်ဖို့ သဘောတူပါတယ်။ ချာလီရဲ့ အောင်မြင်မှုတွေကို ကြားခဲ့ဖူးပြီး၊ ချာလီရဲ့ကျွမ်းကျင်မှုကိုလည်း ဘင်ဟိုဂန် အမှန်တကယ်နှစ်သက်ခဲ့ပါတယ်။ ချာလီနှင့်အတူ ဂေါက်သီးကစားခြင်းဖြင့် သူ့အတွက်လည်း ဂုဏ်တက်စေကြောင်း ဘင်ဟုဂန် နားလည်ပါတယ်။
“ပိုက်ဆံကြေး ကစားလိုပါသလား၊ မစ္စတာဟိုဂန်” လို့ ချာလီ ပြောပါတယ်။
“ခင်ဗျားနဲ့ ပိုက်ဆံကြေး မကစားချင်ပါဘူးဗျာ။ မတရားဘူးလေ။”လို့ မစ္စတာဟိုဂန်ပြန်ပြေပါတယ်။
“အော်၊ တစ်ကျင်းကို ဒေါ်လာ ၁၀၀၀ ကြေးရိုက်ရအောင်ဗျာ။”
“ကျုပ်က ခင်ဗျားနဲ့ ခင်ဗျားရဲ့အခြေအနေအပေါ်ကို အသာစီးယူတယ်လို့ လူတွေပြောမှာပေါ့ဗျ။”
“ခင်ဗျား၊ ကြောက်လား၊ မစ္စတာဟိုဂန်”
“ကောင်းပြီလေ”
“ဒါပေမယ့် ကျွန်တော်အကောင်းဆုံးကစားကြည့်မယ်ဗျာ” လို့ စိတ်ရှုပ်၊ မျက်နှာနီနေတဲ့ ဟိုဂန် ပြောပါတယ်။
“ကျွန်တော် ဘာကိုမှမျှော်လင့်မထားပါဘူးဗျာ” လို့ ချာလီ ယုံကြည်စိတ်ချစွာပြောပါတယ်။
“ခင်ဗျားနဲ့ ကျွန်တော် ဂေါက်ရိုက်ဖို့ သဘောတူလိုက်ပါပြီ၊ မစ္စတာဘော့ဝယ်။ ရိုက်မယ့် အချိန်နဲ့ နေရာကို ခင်ဗျားပြောပါတော့”
ကိုယ့်ကို ကိုယ်စိတ်ချယုံကြည်စွာနဲ့ ချာလီဘော့ဝယ် ပြန်ပြောလိုက်ပါတယ်။
“ဒီည ၁၀နာရီရိုက်မယ်ဗျာ…”

( Blind Ambition by John Kanary ကို ဘာသာပြန်ဆိုပါသည်။   )

No comments:

Post a Comment