Wednesday, March 26, 2014

အရွယ်ရောက်သွားတဲ့သားလေးသို့





နေ့ပိုင်းမှာ အမေ အရမ်းအလုပ်များတယ်သားရယ်
သားနဲ့ကစားဖို့ အမေ့မှာ အချိန်မရှိပါဘူးကွယ်။
သားနဲ့ ကစားနည်းလေးတွေ ကစားဖို့ပြောပေမယ့်         
အမေ့မှာ သားအတွက် အချိန်မရပါဘူးကွယ်။

သား အဝတ်တွေလျှော်ရတယ်။ ချက်ပြုတ်ရတယ်။ ချုပ်လုပ်ရတယ်။
သားရဲ့ဓါတ်ပုံစာအုပ်လေးယူလာပြီး ကြည်နူးစရာတွေ မျှဝေဖို့ပြောချိန်မှာ
“နောက်တော့ကြည့်တာပေါ့၊ ငါ့သားရယ်” လို့ အမေပြောမိတယ်ကွယ်။

ညဖက်မှာ သားကို အမေသိပ်ပါတယ်။
သား ဘုရားရှိခိုးသံကို အမေကြားတယ်။ မီးပိတ်ပါတယ်။
ပြီးတော့ တံခါးဆီကို ခြေဖျားထောက်ပြီးထွက်ခဲ့ပါတယ်။

သားနဲ့အတူ တစ်မိနစ်လောက်ပိုပြီး နေချင်မိတယ်။



ဘဝအချိန်တွေ တိုတောင်းလွန်းတယ်။ နှစ်ကာလတွေ လျှင်မြန်စွာကုန်ဆုံးသွားပါတယ်။
ကလေးငယ်လေး လျှင်မြန်စွာ ကြီးထွားလာပါတယ်။
သားက အမေ့ဘက်မှာ မရှိတော့ပါဘူး။

သူ့ရဲ့ရင်တွင်းစကားလေးတွေ မျှဝေပြီး မပြောတော့ပါဘူး။

ဓါတ်ပုံစာအုပ်လေးအဝေးကို ရောက်သွားပါပြီ။
ကစားနည်းတွေကိုလည်း မကစားတော့ပါဘူး။
ညအိပ်ယာဝင် အနမ်းတွေလည်း မပေးတော့ပါဘူး။
အိပ်ယာဝင်ဘုရားရှိခိုးတွေလည်း
မကြားရတော့ပါဘူး။
အားလုံးဟာ အတိတ်အချိန်ရဲ့ကိစ္စတွေ ဖြစ်သွားပါပြီ။

အလုပ်များခဲ့တဲ့
အမေ့လက်တွေ အခု အားနေပါပြီ။
အမေ့အတွက် အချိန်တွေရှည်လျှားလွန်းနေပါတယ်။
ကုန်ဖို့ ခက်ခဲလွန်းပါတယ်။
အတိတ်အချိန်ကို
ပြန်သွားပြီး သားတောင်းဆိုခဲ့တာတွေ

ပြန်ပြီး လုပ်ပေးချင်မိတယ်…သားရယ်။

( To My Groun-Up Son by Unknown author ကို ဘာသာပြန်ဆိုပါသည်။ )

No comments:

Post a Comment