Saturday, March 29, 2014

လူ့ဘဝရဲ့စည်းမျဉ်းများ


၁။ ကိုယ်ခန္ဓာတစ်ခုကို ရရှိပါလိမ့်မယ်။
    ကြိုက်ကြိုက်၊မုန်းမုန်း ဘဝတစ်ခုလုံးအတွက် ဒီကိုယ်ခန္ဓာပါပဲ။


၂။ သင်ခန်းစာတွေ လေ့လာရမယ်။
   ဘဝဆိုတဲ့ အချိန်ပြည့်တက်ရမယ့်ကျောင်းမှာ
စာရင်းသွင်းရမယ်။ ဒီကျောင်းမှာ နေ့တိုင်း သင်ခန်းစာတွေ
   လေ့လာရပါမယ်။ သင်ခန်းစာတွေကို
ကြိုက်ချင်လည်း ကြိုက်မယ်။ မသင့်တော်တဲ့သင်ခန်းစာတွေ၊  ခပ်တုံးတုံးသင်ခန်းစာတွေ လို့ထင်ချင်လည်း ထင်မယ်။


၃။ အမှားဆိုတာ မရှိပါဘူး။ သင်ခန်းစာတွေပဲ ရှိပါတယ်။
   ကြီးထွားမှုဆိုတာမှားလိုက်၊ ပြင်လိုက်လုပ်ရတဲ့ လက်တွေ့စမ်းသပ်မှုတစ်ခုပါ။ မအောင်မြင်တဲ့ စမ်းသပ်မှုဆိုတာနောက်ဆုံးအောင်မြင်တယ်ဆိုတဲ့ စမ်းသပ်မှုရဲ့အစိတ်အပိုင်းတွေပါ။
၎။ သင်ခန်းစာကို မကျေညက်မချင်း ထပ်လေ့လာရမယ်။

    သင်ခန်းစာကိုပိုင်ပိုင်နိုင်နိုင် မရမချင်း နည်းမျိုးစုံနဲ့ သင့်ထံ ရောက်လာပါလိမ့်မယ်။ သင်ခန်းစာကို
ကျေညက်နားလည်ပြီးရင် နောက်သင်ခန်းစာတစ်ခု ဆက်တက်ပါမယ်။
၅။ သင်ခန်းစာတွေကို ဘယ်တော့မှ လေ့လာပြီးဆုံးမှာ မဟုတ်ဘူး။
    သင်ခန်းစာမရှိတဲ့ဘဝအစိတ်အပိုင်း မရှိပါ။ အသက်ရှင်သမျှကာလပတ်လုံး သင်ခန်းစာတွေကို လေ့လာရမယ်။

၆။ “ဒီနေရာ” ထက် “ဟိုနေရာ”က ပိုမကောင်းပါဘူး။
    မင်း သတ်မှတ်ထားတဲ့“ဟိုနေရာ” ကို ရောက်ခဲ့ရင်လည်း၊ အခြားနောက်ထပ် “ဟိုနေရာ”တွေကို တွေ့ရဦးမှာပါပဲ။

၇။ အခြားလူဆိုတာ သင့်ရဲ့ကြေးမုံပြင်တွေပါ။
    သင် ကိုယ်တိုင်တစ်စုံတစ်ခုကို ကြိုက်ခြင်း၊ မကြိုက်ခြင်း ရှိခဲ့ရင်၊ အခြားသူမှာလည်း ကြိုက်ခြင်း၊
မကြိုက်ခြင်းရှိမှာပါ။


၈။ သင့်ဘဝကို သင် ကိုယ်တိုင်ဖန်တီးတာပါ။
    သင်လိုအပ်သောကိရိယာတွေ၊ အရင်းအမြစ်တွေ ရှိနေပြီးသားပါ။ ထိုအရာတွေကို လုပ်ကိုင်ဖို့ သင့်အပေါ်မှာသာမူတည်ပါတယ်။ သင့်တာဝန်က ရွေးချယ်ဖို့ပါ။
၉။ ဘဝရဲ့မေးခွန်းတွေ အဖြေမှာ သင့်ကိုယ်တွင်းမှာရှိပါတယ်။
    ကြည့်ရှူဖို့၊နားထောင်ဖို့၊ ယုံကြည်ဖို့ သင် လုပ်ဆောင်ရပါလိမ့်မယ်။
၁၀။ အခုပြောတဲ့ စဉ်းမျဉ်းအားလုံးကိုသင် မေ့သွားပါလိမ့်မယ်။


( The Rules for Being Human by Cherie Carter-Scott ကို ဘာသာပြန်ဆိုခြင်းဖြစ်ပါသည်။  
)

No comments:

Post a Comment