Wednesday, May 21, 2014

လူတိုင်း ထည့်ဝင် ပေးကြပါခင်ဗျာ ( 2 )


 အစိုးရက ကျင်းပတဲ့ ဓမ္မာစရိယစာမေးပွဲ ဆိုတာက ဒီအသင်းကြီး နှစ်ခု ထက် နောက်ကျပါတယ်။ အခုအသင်းကြီးနှစ်ခုက ဓမ္မာစရိယဘွဲ့ရပြီးတဲ့ ရဟန်းတော်တွေဆိုရင် ရဟန်းအချင်းချင်း စာတတ်တယ် ဆိုပြီး လေးစားကြတာပါ။ စာစစ်အဖြေလွှာတိုင်းရဲ့ ပထမဆုံးစာမျက်နှာ အပေါ်ဆုံးမှာ ခုံနံပါတ်တပ်ဖို့ ကွက်လပ်ပေးထားပါတယ်။ ကွက်လပ်ထဲမှာ ခုံနံပါတ်က လွဲလို့ အခြားဘာမှ ရေးခွင့် မရှိပါဘူး။ အဲဒီကွက်လပ်ရဲ့အောက်မှာ စာရွက်ကို အလွယ်တကူ ဆွဲဖြဲလို့ရအောင်း အပ်ပေါက်စက်နဲ့ အပေါက်တွေ စီပြီး၊ ဖေါက်လိုက်ပါတယ်။ ပြီးတော့ ထိုကွက်လပ်အတွင်းနဲ့ ကွက်လပ်အပြင်ကို လျှို့ဝှက်ဂဏန်းတစ်ခု ရိုက်ပါတယ်။ ကွက်လပ်အတွင်းမှာ ၈၆၆ ဆိုတဲ့ ဂဏန်းကို ရိုက်လိုက်ရင်၊ ကွက်လပ်အပြင်မှာလဲ ၈၆၆ ဆိုတဲ့ ဂဏန်းကို ရိုက်လိုက်တာပါ။ 

          နောက်ပြီးမှ အပ်ပေါက်ဖေါက်ထားတဲ့ ကွက်လပ်ပါတဲ့ အခြမ်းကို ဖြဲထုတ်လိုက်ပါတယ်။ အဲဒီကွက်လပ်ထဲမှာ ခုံနံပါတ်ရေးထားပါတယ်။ အဲဒီအပိုင်းကို မီးခံသေတ္တာထဲကို ထည့်သိမ်းထားတာပါ။ နောက်ဆုံးစာစစ်လို့ ပြီးမှ အဲဒီအပိုင်းနဲ့ ကျန်တဲ့ အဖြေလွှာအပိုင်းကို ပြန်ပေါင်းတာပါ။ ပြန်ပေါင်းတဲ့အခါ လျှို့ဝှက်နံပါတ်တွေရဲ့ အကူအညီနဲ့ပါ။ ဥပမာ… ကွက်လပ်ပါတဲ့အခြမ်းက ၈၆၆ ဆိုရင် အခြားအခြမ်းက ၈၆၆ နဲ့ ပြန်ဆက်ပေးလိုက်တာပါ။ 

          အဲဒီတော့ စာစစ်နေစဉ်အတွင်း ဘယ်ခုံနံပါတ်ဆိုတာကို သိခွင့်မရပါဘူး။ နောက်ဆုံး အပိုင်းနှစ်ခုပြန်ပေါင်းမှ ခုံနံပါတ်တွေ ပေါ်လာတာပါ။ အဲဒီအခါ စာစစ်မှုက ပြီးဆုံးသွားပြီ ဖြစ်လို့ အမှတ်ပိုပေးလို့မရ၊ လျှော့ပေးလို့မရတော့ပါဘူး။ ထိုစာစစ်တဲ့ နည်းတူ စာမေးပွဲ မေးခွန်းထုတ်မဲ့ ဘုန်းကြီးတွေကိုလဲ အသင်းက ဘယ်ဘာသာရပ်ကို ဘယ်ဆရာတော်မေးခွန်းထုတ်မယ်ဆိုတာကို ကြိုတင် မပြောပါဘူး။ မေးခွန်းထုတ်ချိန်ရောက်မှ ဆရာတော်တွေကို သွားပင့်တာပါ။ မေးခွန်းထုတ်ပြီး သည်မှ စာမေးပွဲဖြေပြီးသည်အထိ ဆရာတော်ကို ကျောင်းကို မပြန်ခိုင်းတော့ပါဘူး။ အဲဒီလို တင်းကျပ်ခဲ့တာပါ။ အခု ပြောပြတဲ့ လုပ်ဆောင်ကြပုံတွေကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ခန့်က လုပ်ကိုင်ပုံတွေပါ။ အခုတော့ အဘယ်ကဲ့သို့ ဆောင်ရွက်ကြသလဲ ဆိုတာ အသေးစိတ် မသိပါဘူး။ တင်းကျပ်တဲ့ စည်းကမ်းနဲ့ လုပ်ပုံကိုင်ပုံတွေကို လျှောပေးကြမယ်တော့ မထင်ပါဘူး ။ အဲဒါကြောင့် သီဟိုဌ်ပြည်သွားပြီး ဒေါက်တာဘွဲ့ ယူလာတဲ့ ရဟန်းတွေ နှင့် နှိုင်းယှဉ်လိုက်လျှင်၊ ထို အဖွဲ့အစည်းနှစ်ခုမှ အောင်မြင်တဲ့ ရဟန်းတော်တွေကို ပိုပြီးလေးစားကြပါတယ် ။ ရဟန်းတော် အချင်းချင်းကို လေးစားကြတာပါ။ 

          အဲဒီလို အဖွဲ့အစည်းကြီးတွေ ကျွန်တော်တို့နိုင်ငံမှာ အောင်မြင်ခဲ့တာပါ။ ကျွန်တော်တို့နိုင်ငံရဲ့ ဒီလိုတင်းကျပ်ပြီး၊ စည်းကမ်းရှိတဲ့ သံဃာအဖွဲ့အစည်းတွေက မြန်မာနိုင်ငံပညာရေးကို ကျောထောက်နောက်ခံပြုခဲ့ဖူးပါတယ်။ အဲဒီလို ကောင်းမွန်တဲ့အစဉ်အလာတွေရှိခဲ့ရဲ့သားနဲ့ ကျွန်တော်တို့ခေတ်ရောက်မှ ညံ့ကြတော့မှာလား။ ပညာရေးဆိုတာကို လိုအပ်ရင် ပြင်ပမှ တင်သွင်းရပါမယ်။ နိုင်ငံခြားကို ပညာသင်တွေသွားရပါမယ်။ အဲဒါတွေကို အပြစ်ပြောနေတာ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံရဲ့ ကောင်းမွန်တဲ့အစဉ်အလာတွေကို သိရှိသလောက် တစိတ်တပိုင်း မီးမောင်းထိုးပြခြင်း ဖြစ်ပါတယ်။ 

       အားကောင်းတဲ့ ပညာရေးစနစ်ကြီးတွေကို မောင်းနှင်ခဲ့ကြတာက တနည်းပြောရရင် အရပ်ဖက်အဖွဲ့အစည်းတွေပါ။ သံဃာတော်များနှင့် အသင်းဝင်မြို့မိမြို့ဖတွေပါ။ အခုပွင့်လင်းတဲ့ခေတ်ပြောင်းမှာ ကျွန်တော်တို့ အားကောင်းတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ဖွဲ့စည်းထူထောင်ကြဖို့ အချိန်ကြနေပါပြီ။ အရပ်ဖက်အဖွဲ့အစည်းတွေဆိုတာ ကျွန်တော်တို့ တစ်ဦးချင်း၊ တစ်ယောက်ချင်းရဲ့ ကိုယ်တိုင်အားထုတ်ပါဝင်မှုအစုအစည်းတွေ မဟုတ်ပါလားဗျာ။ 

        တတ်နိုင်သမျှ ဆွမ်းလောင်းအသင်းမှ စလို့ ဗုဒ္ဓဘာသာလူငယ်အသင်း၊ စာကြည့်အသင်းတွေမှာ တနိုင်တပိုင် အဖွဲ့ဝင်ကြပြီး၊ အဖွဲ့အစည်းနှင့် လုပ်တတ်ကိုင်တတ်ခြင်း ၊ ဦးဆောင်မှုပေးတတ်ခြင်း၊ နောက်လိုက်ကောင်းအဖြစ် ကျရာနေရာမှ အကောင်အထည်ဖေါ်တတ်ခြင်း …စတဲ့ နည်းစနစ်များကို ကိုယ်တိုင်ပါဝင်လေ့ကျင့်ကြဖို့ အချိန်အခါကြရောက်ပြီမို့ တတ်နိုင်သမျှ မြန်မာလူ့အဖွဲ့အစည်းအတွက် ထည့်ဝင်ပေးလိုက်ကြပါစို့။
     
(ကျွန်တော် သိရှိသလောက် မျှဝေခြင်း ဖြစ်ပါတယ်။ )                           
( Zawgyi )
     အစိုးရက က်င္းပတဲ႔ ဓမၼာစရိယစာေမးပြဲ ဆိုတာက ဒီအသင္းႀကီး ႏွစ္ခု ထက္ ေနာက္က်ပါတယ္။ အခုအသင္းႀကီးႏွစ္ခုက ဓမၼာစရိယဘြဲ႔ရၿပီးတဲ႔ ရဟန္းေတာ္ေတြဆိုရင္ ရဟန္းအခ်င္းခ်င္း စာတတ္တယ္ ဆိုၿပီး ေလးစားၾကတာပါ။ စာစစ္အေျဖလႊာတိုင္းရဲ႕ ပထမဆုံးစာမ်က္ႏွာ အေပၚဆုံးမွာ ခုံနံပါတ္တပ္ဖို႔ ကြက္လပ္ေပးထားပါတယ္။ ကြက္လပ္ထဲမွာ ခုံနံပါတ္က လြဲလို႔ အျခားဘာမွ ေရးခြင္႔ မရိွပါဘူး။ အဲဒီကြက္လပ္ရဲ႕ေအာက္မွာ စာရြက္ကို အလြယ္တကူ ဆြဲၿဖဲလို႔ရေအာင္း အပ္ေပါက္စက္နဲ႔ အေပါက္ေတြ စီၿပီး၊ ေဖါက္လိုက္ပါတယ္။ ၿပီးေတာ႔ ထိုကြက္လပ္အတြင္းနဲ႔ ကြက္လပ္အျပင္ကို လွ်ိဳ႕ဝွက္ဂဏန္းတစ္ခု ရိုက္ပါတယ္။ ကြက္လပ္အတြင္းမွာ ၈၆၆ ဆိုတဲ႔ ဂဏန္းကို ရိုက္လုိက္ရင္၊ ကြက္လပ္အျပင္မွာလဲ ၈၆၆ ဆိုတဲ႔ ဂဏန္းကို ရိုက္လိုက္တာပါ။ 

          ေနာက္ၿပီးမွ အပ္ေပါက္ေဖါက္ထားတဲ႔ ကြက္လပ္ပါတဲ႔ အျခမ္းကို ၿဖဲထုတ္လိုက္ပါတယ္။ အဲဒီကြက္လပ္ထဲမွာ ခုံနံပါတ္ေရးထားပါတယ္။ အဲဒီအပိုင္းကို မီးခံေသတၱာထဲကို ထည္႔သိမ္းထားတာပါ။ ေနာက္ဆုံးစာစစ္လို႔ ၿပီးမွ အဲဒီအပိုင္းနဲ႔ က်န္တဲ႔ အေျဖလႊာအပိုင္းကို ျပန္ေပါင္းတာပါ။ ျပန္ေပါင္းတဲ႔အခါ လွ်ိဳ႕ဝွက္နံပါတ္ေတြရဲ႕ အကူအညီနဲ႔ပါ။ ဥပမာ… ကြက္လပ္ပါတဲ႔အျခမ္းက ၈၆၆ ဆိုရင္ အျခားအျခမ္းက ၈၆၆ နဲ႔ ျပန္ဆက္ေပးလိုက္တာပါ။ 

          အဲဒီေတာ႔ စာစစ္ေနစဥ္အတြင္း ဘယ္ခုံနံပါတ္ဆိုတာကို သိခြင္႔မရပါဘူး။ ေနာက္ဆုံး အပိုင္းႏွစ္ခုျပန္ေပါင္းမွ ခုံနံပါတ္ေတြ ေပၚလာတာပါ။ အဲဒီအခါ စာစစ္မႈက ၿပီးဆုံးသြားၿပီ ျဖစ္လို႔ အမွတ္ပိုေပးလို႔မရ၊ ေလွ်ာ႔ေပးလို႔မရေတာ႔ပါဘူး။ ထိုစာစစ္တဲ႔ နည္းတူ စာေမးပြဲ ေမးခြန္းထုတ္မဲ႔ ဘုန္းႀကီးေတြကိုလဲ အသင္းက ဘယ္ဘာသာရပ္ကို ဘယ္ဆရာေတာ္ေမးခြန္းထုတ္မယ္ဆိုတာကို ႀကိဳတင္ မေျပာပါဘူး။ ေမးခြန္းထုတ္ခ်ိန္ေရာက္မွ ဆရာေတာ္ေတြကို သြားပင္႔တာပါ။ ေမးခြန္းထုတ္ၿပီး သည္မွ စာေမးပြဲေျဖၿပီးသည္အထိ ဆရာေတာ္ကို ေက်ာင္းကို မျပန္ခိုင္းေတာ႔ပါဘူး။ အဲဒီလို တင္းက်ပ္ခဲ႔တာပါ။ အခု ေျပာျပတဲ႔ လုပ္ေဆာင္ၾကပုံေတြကေတာ႔ လြန္ခဲ႔တဲ႔ႏွစ္ေပါင္း ၅၀ခန္႔က လုပ္ကိုင္ပုံေတြပါ။ အခုေတာ႔ အဘယ္ကဲ႔သို႔ ေဆာင္ရြက္ၾကသလဲ ဆိုတာ အေသးစိတ္ မသိပါဘူး။ တင္းက်ပ္တဲ႔ စည္းကမ္းနဲ႔ လုပ္ပုံကိုင္ပုံေတြကို ေလွ်ာေပးၾကမယ္ေတာ႔ မထင္ပါဘူး ။ အဲဒါေၾကာင္႔ သီဟိုဌ္ျပည္သြားၿပီး ေဒါက္တာဘြဲ႔ ယူလာတဲ႔ ရဟန္းေတြ ႏွင္႔ ႏႈိင္းယွဥ္လိုက္လွ်င္၊ ထို အဖြဲ႔အစည္းႏွစ္ခုမွ ေအာင္ျမင္တဲ႔ ရဟန္းေတာ္ေတြကို ပိုၿပီးေလးစားၾကပါတယ္ ။ ရဟန္းေတာ္ အခ်င္းခ်င္းကို ေလးစားၾကတာပါ။ 

          အဲဒီလို အဖြဲ႔အစည္းႀကီးေတြ ကၽြန္ေတာ္တို႔ႏိုင္ငံမွာ ေအာင္ျမင္ခဲ႔တာပါ။ ကၽြန္ေတာ္တို႔ႏိုင္ငံရဲ႕ ဒီလိုတင္းက်ပ္ၿပီး၊ စည္းကမ္းရိွတဲ႔ သံဃာအဖြဲ႔အစည္းေတြက ျမန္မာႏိုင္ငံပညာေရးကို ေက်ာေထာက္ေနာက္ခံျပဳခဲ႔ဖူးပါတယ္။ အဲဒီလို ေကာင္းမြန္တဲ႔အစဥ္အလာေတြရိွခဲ႔ရဲ႕သားနဲ႔ ကၽြန္ေတာ္တို႔ေခတ္ေရာက္မွ ညံ႔ၾကေတာ႔မွာလား။ ပညာေရးဆိုတာကို လိုအပ္ရင္ ျပင္ပမွ တင္သြင္းရပါမယ္။ ႏိုင္ငံျခားကို ပညာသင္ေတြသြားရပါမယ္။ အဲဒါေတြကို အျပစ္ေျပာေနတာ မဟုတ္ပါဘူး။ ကိုယ္႔ႏိုင္ငံရဲ႕ ေကာင္းမြန္တဲ႔အစဥ္အလာေတြကို သိရိွသေလာက္ တစိတ္တပိုင္း မီးေမာင္းထိုးျပျခင္း ျဖစ္ပါတယ္။ 

       အားေကာင္းတဲ႔ ပညာေရးစနစ္ႀကီးေတြကို ေမာင္းႏွင္ခဲ႔ၾကတာက တနည္းေျပာရရင္ အရပ္ဖက္အဖြဲ႔အစည္းေတြပါ။ သံဃာေတာ္မ်ားႏွင္႔ အသင္းဝင္ၿမိဳ႕မိၿမိဳ႕ဖေတြပါ။ အခုပြင္႔လင္းတဲ႔ေခတ္ေျပာင္းမွာ ကၽြန္ေတာ္တို႔ အားေကာင္းတဲ႔ အရပ္ဖက္အဖြဲ႔အစည္းေတြ ဖြဲ႔စည္းထူေထာင္ၾကဖို႔ အခ်ိန္ၾကေနပါၿပီ။ အရပ္ဖက္အဖြဲ႔အစည္းေတြဆိုတာ ကၽြန္ေတာ္တို႔ တစ္ဦးခ်င္း၊ တစ္ေယာက္ခ်င္းရဲ႕ ကိုယ္တိုင္အားထုတ္ပါဝင္မႈအစုအစည္းေတြ မဟုတ္ပါလားဗ်ာ။ 

        တတ္ႏိုင္သမွ် ဆြမ္းေလာင္းအသင္းမွ စလို႔ ဗုဒၶဘာသာလူငယ္အသင္း၊ စာၾကည္႔အသင္းေတြမွာ တႏိုင္တပိုင္ အဖြဲ႔ဝင္ၾကၿပီး၊ အဖြဲ႔အစည္းႏွင္႔ လုပ္တတ္ကိုင္တတ္ျခင္း ၊ ဦးေဆာင္မႈေပးတတ္ျခင္း၊ ေနာက္လိုက္ေကာင္းအျဖစ္ က်ရာေနရာမွ အေကာင္အထည္ေဖၚတတ္ျခင္း …စတဲ႔ နည္းစနစ္မ်ားကို ကိုယ္တိုင္ပါဝင္ေလ႔က်င္႔ၾကဖို႔ အခ်ိန္အခါၾကေရာက္ၿပီမို႔ တတ္ႏိုင္သမွ် ျမန္မာလူ႔အဖြဲ႔အစည္းအတြက္ ထည္႔ဝင္ေပးလိုက္ၾကပါစို႔။
     
(ကၽြန္ေတာ္ သိရိွသေလာက္ မွ်ေဝျခင္း ျဖစ္ပါတယ္။ )                           

No comments:

Post a Comment