Saturday, May 17, 2014

မှတ်မိသမျှ- ကိုအောင်ဆန်း၏ ကျောင်းသားဘဝ- သခင်ကျော်စိန်- ( ၂ )

ကိုအောင်ဆန်း ဥပဒေတန်းပထမနှစ်သင်ကြားနေခိုက် ထိုစဉ်က ကွယ်လွန်သူဒေါက်တာသိန်းမောင် ဦးစီးသော မြန်မာပိုင်အင်္ဂလိပ်သတင်းစား “နယူးဘားမား”တွင် အချိန်ပိုင်းအယ်ဒီတာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါသည်။ ကျွန်တော်လည်း ထိုသတင်းစားတွင်ပင် အချိန်ပိုင်းသတင်းအယ်ဒီတာအဖြစ် လုပ်ကိုင်လျက်ရှိပါသည်။ ကျွန်တော်တို့ ၂ ဦးစလုံးသည် ညနေ ၃-နာရီခွဲကျော်မှ သတင်းစာတိုက်သို့ ရောက်ကြပါသည်။ သတင်းစာတိုက်ရောက်လျှင် ကိုအောင်ဆန်းသည် နောက်တနေ့အတွက် သတင်းစာခေါင်းကြီးကို ကြိုတင်စဉ်းစားခဲ့သည့်အတိုင်း ထိုင်ရာမထ ဆိုသလို တထိုင်တည်းနှင့်အပြီး ရေးလေ့ရှိပါသည်။ ကိုအောင်ဆန်းရေးခဲ့သော သတင်းစာခေါင်းကြီးပိုင်းများမှာ နယ်ချဲ့ဆန့်ကျင်ရေးများသာ ဖြစ်ကြပါသည်။ အင်္ဂလိပ်စာကိုရေးရာ၌ နိုင်နင်းသည်နှင့်အမျှ ခက်ခဲလှသောပြဿနာတို့ကို ရှင်းလင်ပီသစွာ ဖေါ်ထုတ်နိုင်ခဲ့သဖြင့် နယ်ချဲ့အစိုးရနှင့်နိုင်ငံရေးရပ်ကွက်တို့တွင် ကိုအောင်ဆန်း၏ “ခေါင်းကြီးပိုင်း”များကို လေးလေးစားစား ရှိခဲ့ကြရလေသည်။

          မြန်မာဆောင်းပါးများကိုမူ “မဟာဒဂုန်” မဂ္ဂဇင်းကြီး၌ ရေးလေ့ရှိခဲ့ပါသည်။ မြန်မာဆောင်းပါးများ ရေးသောအခါတွင်လည်း ကိုအောင်ဆန်းသည် မြန်မာသံ ပီပီသသနှင့်သာ ရေးလေ့ရှိခဲ့ပါသည်။

          ဟောပြောရာ၌မူ ကိုအောင်ဆန်းသည် “ဒေါ”များများပါပြီး ပြောချင်ဇော ကြီးနေသည်ကို မကြာခဏ ကြုံရတတ်ပါသည်။

          “အိုးဝေ”မဂ္ဂဇင်းစာတည်းအဖြစ် ကိုအောင်ဆန်း ဆောင်ရွက်နေစဉ်က “ငရဲခွေးကြီးလွတ်လာလေပြီ” ဟူသော အင်္ဂလိပ်စာကဏ္ဍပါ ဆောင်းပါးမှာ တက္ကသိုလ်နယ်မြေသာမက တနိုင်ငံလုံးသိမ့်သိမ့်တုန်သွားခဲ့ပါသည်။ ထိုဆောင်းပါးတွင် ဖွင့်ချလိုက်သောအချက်များကို အကြောင်းပြု၍ ကျောင်းသားအရေးတော်ပုံပေါ်ပေါက်ခဲ့ရလေသည်။ ဗမာနိုင်ငံရေးဖြစ်စဉ်တွင် မှတ်တိုင်ကြီးတစ်ခုဟု ဆိုနိုင်ပါသည်။
          သမဂ္ဂကိစ္စများကို ဆောင်ရွက်ရာတွင်လည်း ကိုအောင်ဆန်းသည် အပင်ပန်းခံကာ အစားအသောက် အအိပ်အနေကို ပမာမပြုဘဲ လုပ်လေ့ရှိပါသည်။ အလုပ်လုပ်ရမှာကို ဘယ်သောအခါမှ ကြောက်လေ့မရှိသူများစာရင်းတွင် ကိုအောင်ဆန်းသည် ထိပ်ဆုံးမှ အမြဲရှိပါသည်။ ဇွဲလည်း အလွန်ပြင်းထန်းပါသည်။ ဘာလုပ်လုပ်စိတ်ရောကိုယ်ပါ လုပ်တတ်၍လည်း သူလုပ်သမျှမှာ ခရီးရောက်လေ့ရှိပါသည်။

          ကျောင်းသားဘဝ၌ ဟန်ရေးပြခြင်းကို စက်ဆုပ်ပြီး ထိထိမိမိလေ့လာမှတ်သားကာ ဇွဲရှိရှိနှင့် လုပ်သားကိုင်သားကျသော ကိုအောင်ဆန်းသည် သခင်အောင်ဆန်းအနေနှင့်၎င်း၊ ဗိုလ်ချုပ်အောင်ဆန်း အနေနှင့်၎င်း နိုင်ငံ့တာဝန်များကို မမောနိုင်မပန်းနိုင် ဆက်လက်ထမ်းဆောင်ပြီး နိုင်ငံလွတ်လပ်ရေးမုခ်ဦးသို့ အရောက်ပို့ဆောင်နိုင်ခဲ့ခြင်းမှာ ကျောင်းသားကျောင်းသူတိုင်း အားကျနည်းယူဘွယ်ပင် ဖြစ်တော့သည်။
          ကျောင်းသား ကျောင်းသူတိုင်း ကိုအောင်ဆန်းနည်းတူ နိုင်ငံအတွက် ကြိုးပမ်းအားထုတ်နိုင်ကြပါစေ။  ။
                                                                             သခင်ကျော်စိန်

( ၁၉၇၀ခုထုတ်- ရန်ကုန်တက္ကသိုလ်နှစ် ၅၀ စာစောင်မှ ကူးယူဖေါ်ပြပါသည်။ )

( Zawgyi )

              ကိုေအာင္ဆန္း ဥပေဒတန္းပထမႏွစ္သင္ၾကားေနခိုက္ ထိုစဥ္က ကြယ္လြန္သူေဒါက္တာသိန္းေမာင္ ဦးစီးေသာ ျမန္မာပိုင္အဂၤလိပ္သတင္းစား “နယူးဘားမား”တြင္ အခ်ိန္ပိုင္းအယ္ဒီတာအျဖစ္ ဝင္ေရာက္လုပ္ကိုင္ခဲ႔ပါသည္။ ကၽြန္ေတာ္လည္း ထိုသတင္းစားတြင္ပင္ အခ်ိန္ပိုင္းသတင္းအယ္ဒီတာအျဖစ္ လုပ္ကိုင္လ်က္ရိွပါသည္။ ကၽြန္ေတာ္တို႔ ၂ ဦးစလုံးသည္ ညေန ၃-နာရီခြဲေက်ာ္မွ သတင္းစာတိုက္သို႔ ေရာက္ၾကပါသည္။ သတင္းစာတိုက္ေရာက္လွ်င္ ကိုေအာင္ဆန္းသည္ ေနာက္တေန႔အတြက္ သတင္းစာေခါင္းႀကီးကို ႀကိဳတင္စဥ္းစားခဲ႔သည္႔အတိုင္း ထိုင္ရာမထ ဆိုသလို တထိုင္တည္းႏွင္႔အၿပီး ေရးေလ႔ရိွပါသည္။ ကိုေအာင္ဆန္းေရးခဲ႔ေသာ သတင္းစာေခါင္းႀကီးပိုင္းမ်ားမွာ နယ္ခ်ဲ႕ဆန္႔က်င္ေရးမ်ားသာ ျဖစ္ၾကပါသည္။ အဂၤလိပ္စာကိုေရးရာ၌ ႏိုင္နင္းသည္ႏွင္႔အမွ် ခက္ခဲလွေသာျပႆနာတို႔ကို ရွင္းလင္ပီသစြာ ေဖၚထုတ္ႏိုင္ခဲ႔သျဖင္႔ နယ္ခ်ဲ႕အစိုးရႏွင္႔ႏိုင္ငံေရးရပ္ကြက္တို႔တြင္ ကိုေအာင္ဆန္း၏ “ေခါင္းႀကီးပိုင္း”မ်ားကို ေလးေလးစားစား ရိွခဲ႔ၾကရေလသည္။

          ျမန္မာေဆာင္းပါးမ်ားကိုမူ “မဟာဒဂုန္” မဂၢဇင္းႀကီး၌ ေရးေလ႔ရွိခဲ႔ပါသည္။ ျမန္မာေဆာင္းပါးမ်ား ေရးေသာအခါတြင္လည္း ကိုေအာင္ဆန္းသည္ ျမန္မာသံ ပီပီသသႏွင္႔သာ ေရးေလ႔ရိွခဲ႔ပါသည္။

          ေဟာေျပာရာ၌မူ ကိုေအာင္ဆန္းသည္ “ေဒါ”မ်ားမ်ားပါၿပီး ေျပာခ်င္ေဇာ ႀကီးေနသည္ကို မၾကာခဏ ႀကံဳရတတ္ပါသည္။

          “အိုးေဝ”မဂၢဇင္းစာတည္းအျဖစ္ ကိုေအာင္ဆန္း ေဆာင္ရြက္ေနစဥ္က “ငရဲေခြးႀကီးလြတ္လာေလၿပီ” ဟူေသာ အဂၤလိပ္စာက႑ပါ ေဆာင္းပါးမွာ တကၠသိုလ္နယ္ေျမသာမက တႏိုင္ငံလုံးသိမ္႔သိမ္႔တုန္သြားခဲ႔ပါသည္။ ထိုေဆာင္းပါးတြင္ ဖြင္႔ခ်လိုက္ေသာအခ်က္မ်ားကို အေၾကာင္းျပဳ၍ ေက်ာင္းသားအေရးေတာ္ပုံေပၚေပါက္ခဲ႔ရေလသည္။ ဗမာႏိုင္ငံေရးျဖစ္စဥ္တြင္ မွတ္တိုင္ႀကီးတစ္ခုဟု ဆိုႏိုင္ပါသည္။
          သမဂၢကိစၥမ်ားကို ေဆာင္ရြက္ရာတြင္လည္း ကိုေအာင္ဆန္းသည္ အပင္ပန္းခံကာ အစားအေသာက္ အအိပ္အေနကို ပမာမျပဳဘဲ လုပ္ေလ႔ရိွပါသည္။ အလုပ္လုပ္ရမွာကို ဘယ္ေသာအခါမွ ေၾကာက္ေလ႔မရိွသူမ်ားစာရင္းတြင္ ကိုေအာင္ဆန္းသည္ ထိပ္ဆုံးမွ အၿမဲရိွပါသည္။ ဇြဲလည္း အလြန္ျပင္းထန္းပါသည္။ ဘာလုပ္လုပ္စိတ္ေရာကိုယ္ပါ လုပ္တတ္၍လည္း သူလုပ္သမွ်မွာ ခရီးေရာက္ေလ႔ရိွပါသည္။

          ေက်ာင္းသားဘဝ၌ ဟန္ေရးျပျခင္းကို စက္ဆုပ္ၿပီး ထိထိမိမိေလ႔လာမွတ္သားကာ ဇြဲရိွရိွႏွင္႔ လုပ္သားကိုင္သားက်ေသာ ကိုေအာင္ဆန္းသည္ သခင္ေအာင္ဆန္းအေနႏွင္႔၎၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္း အေနႏွင္႔၎ ႏိုင္ငံ႔တာဝန္မ်ားကို မေမာႏိုင္မပန္းႏိုင္ ဆက္လက္ထမ္းေဆာင္ၿပီး ႏိုင္ငံလြတ္လပ္ေရးမုခ္ဦးသို႔ အေရာက္ပို႔ေဆာင္ႏိုင္ခဲ႔ျခင္းမွာ ေက်ာင္းသားေက်ာင္းသူတိုင္း အားက်နည္းယူဘြယ္ပင္ ျဖစ္ေတာ႔သည္။
          ေက်ာင္းသား ေက်ာင္းသူတိုင္း ကိုေအာင္ဆန္းနည္းတူ ႏိုင္ငံအတြက္ ႀကိဳးပမ္းအားထုတ္ႏိုင္ၾကပါေစ။ 
                                                                             သခင္ေက်ာ္စိန္

( ၁၉၇၀ခုထုတ္- ရန္ကုန္တကၠသိုလ္ႏွစ္ ၅၀ စာေစာင္မွ ကူးယူေဖၚျပပါသည္။ )

No comments:

Post a Comment