Thursday, May 15, 2014

KMD ဦးသောင်းတင် အင်တာဗျူး



KMD ဦးသောင်းတင်        
မေး။  ။ ဆရာ့အနေနဲ့ လူငယ်တွေကို ဘာတွေများ ပြောချင်ပါသေးသလဲ။
ဖြေ။   ။ တိုးတက်ချင်စိတ်ရှိဖို့လိုတယ်၊ တော်နေဖို့ထက် တော်ချင်စိတ်ရှိဖို့၊ လုပ်နေဖို့လိုတယ်။ အဲဒါနည်းနည်း ပိုအရေးကြီးတယ်လို့ ထင်တယ်။ ဥပမာ..ကျွန်တော်တို့ KMD ဆိုရင် နှစ်စဉ် အနည်းဆုံး တိုးတက်မှု တစ်ခုရှိရမယ်။ သင်တန်းနေရာ အသစ်တစ်ခုချဲ့နိုင်ရမယ်။ သင်ရိုးတိုးလာရမယ်။ တစ်နှစ်မှာ တစ်ခု။ အချို့နှစ်တွေမှာ သုံးလေးခု။ ဒါပေမဲ့ မရှိတဲ့နှစ်ကတော့ မဖြစ်ရဘူး။ မရှိဘူးဆိုရင် ဆုံးရှုံးတယ်။ အဲဒါ ကိုယ့်ဘာသာကိုယ် မဖြစ် ဖြစ်အောင် လုပ်ဖို့ချထားတဲ့အချက်၊ နောက်တစ်ချက် လူငယ်တွေ ကိုယ့်ဘာသာကိုယ် သင်ယူမှုအလေ့အကျင့် ရှိစေချင်တယ်။ ကျွန်တော်တို့ အာရှသင်ကြားရေးမှာက ကျက်ခိုင်းနေတယ်။
             
            ဒါကြောင့် လူငယ်တွေအနေနဲ့ ကိုယ့်ဘာသာကိုယ် Learn လုပ်ချင်တဲ့ အကျင့်တွေရှိနေပြီး။ Learn လုပ်ဖို့ အမြဲတမ်းအဆင်သင့်ဖြစ်နေဖို့လိုမယ်လို့ ကျွန်တော် ထင်တယ်။ ပြီးတော့ အခက်အခဲတွေ့ရင် ပျော့မဆင်းသွားဖို့လိုတယ်။ ဒါဟာ Challenge ပဲဆိုပြီး ရင်ဆိုင်ရဲရမယ်။

          ကျွန်တော့်အတွေ့အကြုံအရဆိုရင် ဘဝဆိုတာ တစ်သမတ်တည်း မရှိဘူး။ Challenge တွေကြုံမယ်။ ဒီအတွက် အခု မတော်ရင်လည်း ဘာမှ စိတ်ပျက်ဖို့ မလိုဘူး။ အမှန်အတိုင်းပြောရရင် ငယ်ငယ်တုန်းက ကျွန်တော်တို့ကျောင်းမှာ အတော်ဆုံးဆိုတဲ့လူတွေဟာ ဘဝမှာ အားလုံးအောင်မြင်ကြတာတော့ မဟုတ်ဘူး။ အညံဆုံးဆိုတဲ့လူကလည်း ဘဝမှာ အအောင်မြင်ဆုံးဖြစ်ချင်လည်း ဖြစ်တတ်တယ်။ Formula မရှိဘူး။
  
           ငယ်ရွယ်စဉ် ၁၅ နှစ်၊ ၁၆ နှစ် ကျောင်းသားဘဝမှာ ငါက အတော်ဆုံး၊ အကုန်နိုင်တယ်ဆိုတာမျိုး မဟုတ်ဘူး။ ဒါတစ်ခုတည်းနဲ့ မပြီးဘူး။ မတော်တဲ့လူကလည်း သိမ်ငယ်နေဖို့ မလိုဘူး။ အရေးအကြီးဆုံးက Keep improving ဖြစ်ဖို့ ကြိုးစားစေချင်တယ်။
           အခုတော်နေတာကို မကျေနပ်ပါနဲ့၊ ယုန်နဲ့လိပ် ပြေးသလို ရွေ့နေဖို့ အရေးကြီးပါတယ်။ လူငယ်တွေကြားမှာ လောလောဆယ်ပြိုင်နေကြတာ စာမှာပဲ ဖြစ်လိမ့်မယ် ထင်တယ်။ ဒီအတွက်တော့ ဘဝင်မြင့်စရာ၊ စိတ်ဓါတ်ကျစရာ ဘာမှဖြစ်ဖို့ မလိုဘူး။ တကယ်တော့ ဘဝမှာ နောက်ထပ်ကြုံရမှာတွေက အများကြီး၊ အဲဒီတော့ တော်အောင်တော့အမြဲကြိုးစားနေဖို့ လိုပါတယ်။
( KMD မှ ဆရာဦးသောင်းတင်၏ အင်တာဗျူးကို ကူးယူဖေါ်ပြခြင်း ဖြစ်ပါသည်။ )


No comments:

Post a Comment