၁၇။ မေး။ ။ အကျင့်သီလဆိုတာ ဓလေ့၊ ထုံးစံတွေကို ခေါ်တယ်လို့ ထင်ပါတယ်။ ဒီဓလေ့ထုံးစံတွေဟာလည်း အမျိုးမျိုးကွဲပြားနေပါတယ်။ ကွဲပြားတဲ့အလျှောက်လည်း ကိုယ့်အမြင်နဲ့ကိုယ် မှန်တယ်လို့ ယူဆနေကြပါတယ်။ လူမျိုးတစ်မျိုးမှ လူကြီးသူမတွေရှေ့မှာ လူငယ်တွေဟာ ခေါင်းငုံ့ပြီး ခါးကုန်းသွားတာဟာ မှန်ကန်ယဉ်ကျေးတယ်လို့ ယူဆကြပါတယ်။ အခြားလူမျိုးတစ်မျိုးကတော့ လူငယ်တွေဟာ နေရာမရွေးရင်ကော့ပြီး ခေါင်းမတ်မတ်သွားတာဟာ မှန်ကန်တယ်လို့ ယူဆကြပါတယ်။ တချို့ကတော့ လက်သီးလက်မောင်း တန်းပြတာကို အရိုအသေပြုရာ ရောက်တယ်လို့ ယူဆပါတယ်။
တချို့လူမျိုးက သေရင် ဝိုင်းငိုပြမှ သေသူအပေါ် ချစ်ခင်ကြောင်းပြသရာ ရောက်တယ်လို့ ယူဆပါတယ်။ အချို့လူမျိုးကတော့ လူသေကို ဝိုင်းပြီး ကခုန်မှသေသူအပေါ် ချစ်ခင်ရာ ရောက်တယ်လို့ ယူဆကြပါတယ်။
တချို့ကတော့ သတ္တဝါတွေကို သတ်ဖြတ် စတေးလို့ရှိရင် ဘေးရန် အန္တရာယ်ကင်းပြီး ကောင်းကျိုး ချမ်းသာ ရတယ်လို့ ယူဆပြီး၊ လိုက်နာပြုကျင့်နေကြပါတယ်။ တချို့ကတော့ သတ္တဝါ ဆိုတာ လူချွတ်မှ ကျွတ်တယ်။ တိရိစ္ဆာန်ဘဝက လွတ်အောင် တိရစ္ဆာန်တွေကို သတ်ပေးရမယ်ဆိုပြီး ခရုယောက်သွားကောင်ကို ရေနွေးနဲ့ ပြုတ်သတ်ကြတယ်။
တချို့ကတော့ သတ္တဝါတွေကို မသတ်သင့်ဘူးဆိုပြီး သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ကြပါတယ်။ တချို့က မရှိရင် ခိုးဆိုးလုယက်စားသောက်ကြမယ်လို့ ယူဆကြတယ်။ တချို့ကတော့ စားစရာ မရှိရင် အသက်သာအသေခံမယ် ခိုးဆိုးလုယက်ပြီး မစားဘူးလို့ ယူဆကြတယ်။ တချို့ကတော့ အရက်သောက်တာ အပြစ်ရှိတယ်လို့ ယူဆကြပြီး၊ တချို့ကတော့ အပြစ်မရှိဘူးလို့ ယူဆကြပါတယ်။
ထို့အတူ လောင်းကစားကိစ္စ၊ သားမယားကိစ္စများမှာလည်း တဦးနှင့် တစ်ဦး ယူဆပုံချင်း မတူကြပါဘူး။ ဒီလိုအမျိုးမျိုးဖြစ်နေတဲ့ အကျင့်သီလတွေကို လိုက်နာကျင့်သုံးလို့ ကုသိုလ်ရတယ်လို့ ဆိုနိုင်ပါ့မလား။ အကျင့်သီလဆိုတာ ပုံသေသတ်မှတ်ချက်မရှိပဲ ဒေသအလိုက်၊ လူမျိုးအလိုမက် အမှားအမှန် ရှိနိုင်တယ်လို့ထင်ပါတယ်။ ဆရာ့အမြင်နှင့် ဝေဖန်ရှင်းပြပေးစေလိုပါတယ်ဆရာ။
ဖြေ။ ။ အခုပြောတဲ့ အကြောင်းအရာတွေကို နှစ်ပိုင်း ခွဲခြားကြည့်စေလိုပါတယ်။ တစ်ပိုင်းကတော့ လူမျိုးရဲ့ယဉ်ကျေးမှု ဓလေ့ထုံးစံဖြစ်ပြီး၊ ကျန်တစ်ပိုင်းကတော့ လူ့လောကတစ်ခုလုံးနှင့် ဆိုင်တဲ့ ကိုယ်ကျင့်တရားဖြစ်ပါတယ်။ ငယ်သူက ကြီးသူကို အရိုအသေပေးနည်း၊ တယောက်နဲ့တယောက် ချစ်ခင်ကြောင်းပြသတဲ့နည်း၊ မင်္ဂလာအခမ်းအနားကျင်းပပုံ၊ အသုဘအခမ်းအနားကျင်းပပုံကိုတော့ ယဉ်ကျေးမှုဓလေ့ထုံးစံလို့ ခေါ်သင့်ပါတယ်။ ဒီဓလေ့ထုံးစံတွေက လူတွေရဲ့သတ်မှတ်ချက် ပြောင်းနိုင်ပါတယ်။ ပုံသေမရှိပါဘူး။ လူအများလက်ခံရင် မှန်တယ်လို့ ယူဆရပါမယ်။
ဒါပေမဲ့ ကိုယ်ကျင့်တရားနဲ့ဆိုင်တဲ့ အပိုင်းကိုတော့ ဒီယဉ်ကျေးမှုဓလေ့ထုံးစံတွေနဲ့ ရောနှောပြီး တတန်းတည်းထားပြီး ရောနှော မစဉ်းစားစေချင်ဘူး။ ကိုယ်ကျင့်တရားနှင့် ဆိုင်တဲ့ အပိုင်းကတော့ ပုံသေ သတ်မှတ်ချက်ရှိပါတယ်။ ဘယ်နေရာ၊ ဘယ်ဒေသ၊ ဘယ်တိုင်းပြည်မှာမဆို အမြဲမှန်ကန်နေပါတယ်။ ဒါကြောင့် သီလဟာ ယဉ်ကျေးမှုနှင့်ဆိုင်တဲ့သီလ၊ ကိုယ်ကျင့်တရားနှင့်ဆိုင်တဲ့သီလဆိုပြီး နှစ်မျိုးရှိပါတယ်။ ပထမသီလအမျိုးအစားကို ကုလာစာရ ( ကုလ + အာစာရ )၊ မျိုးရိုးစဉ်လာကျင့်ဝတ်လို့ ခေါ်ပါတယ်။ ဒုတိယအမျိုးအစားကိုတော့ ( ကုသလသီလ ) ကုသိုလ်သီလ လို့ ခေါ်ပါတယ်။
ကုလာစာရ ဆိုတဲ့မျိုးရိုးစဉ်လာကျင့်ဝတ်ဓလေ့ ထုံးစံကတော့ ကောင်းတာရှိသလို မကောင်းတာလည်း ရှိပါတယ်။ မှန်တာရှိသလို၊ မမှန်တာလည်း ရှိပါတယ်။
ကိုယ်ကျင့်တရားနဲ့ဆိုင်တဲ့သီလကတော့ အမြဲတမ်းကောင်းပြီး၊ အမြဲတမ်းမှန်နေပါတယ်။ သတ်ဖြတ်ညှဉ်းဆဲမှုမှ ရှောင်ကြဉ်ခြင်းဟာ အမြဲကောင်းမြတ်မှန်ကန်နေပါတယ်။ မသတ်ဖြတ်ရုံမျှမက သတ္တဝါတွေ အသက်ရှည်အောင် အနာကင်းအောင် ကူညီမယ်ဆိုရင် ပိုပြီးကောင်းမြတ်ပါတယ်။ အလားတူ ခိုးဝှက်လုယက်ခြင်းမှ ရှောင်ကြဉ်ခြင်းဟာ အမြဲကောင်းမြတ်ပါတယ်။ သူတစ်ပါးပစ္စည်းမခိုးရိုမျှမက မိမိပစ္စည်းကိုပင် ပေးလှူမယ်ဆိုရင် ပိုပြီးကောင်းပါတယ်။ ဒီသီလတွေကို မကောင်းပါဘူး။ မမှန်ပါဘူးလို့ ပြောရဲသူရှိမယ် မထင်ပါဘူး။
( ဆရာမောင်အံ့- ဗုဒ္ဓ၏လူမှုရေးတရားတော်များ စာအုပ်မှ ကောက်နုတ်ဖေါ်ပြပါသည်။ )
( Zawgyi )
၁၇။ ေမး။ ။ အက်င္႔သီလဆိုတာ ဓေလ႔၊ ထုံးစံေတြကို ေခၚတယ္လို႔ ထင္ပါတယ္။
ဒီဓေလ႔ထုံးစံေတြဟာလည္း အမ်ဳိးမ်ဳိးကြဲျပားေနပါတယ္။ ကြဲျပားတဲ႔အေလွ်ာက္လည္း ကိုယ္႔အျမင္နဲ႔ကိုယ္
မွန္တယ္လို႔ ယူဆေနၾကပါတယ္။ လူမ်ဳိးတစ္မ်ဳိးမွ လူႀကီးသူမေတြေရွ႕မွာ လူငယ္ေတြဟာ ေခါင္းငုံ႔ၿပီး
ခါးကုန္းသြားတာဟာ မွန္ကန္ယဥ္ေက်းတယ္လို႔ ယူဆၾကပါတယ္။ အျခားလူမ်ဳိးတစ္မ်ဳိးကေတာ႔ လူငယ္ေတြဟာ
ေနရာမေရြးရင္ေကာ႔ၿပီး ေခါင္းမတ္မတ္သြားတာဟာ မွန္ကန္တယ္လို႔ ယူဆၾကပါတယ္။ တခ်ိဳ႕ကေတာ႔
လက္သီးလက္ေမာင္း တန္းျပတာကို အရိုအေသျပဳရာ ေရာက္တယ္လို႔ ယူဆပါတယ္။
တခ်ဳိ႕လူမ်ဳိးက
ေသရင္ ဝိုင္းငိုျပမွ ေသသူအေပၚ ခ်စ္ခင္ေၾကာင္းျပသရာ ေရာက္တယ္လို႔ ယူဆပါတယ္။ အခ်ဳိ႕လူမ်ဳိးကေတာ႔
လူေသကို ဝိုင္းၿပီး ကခုန္မွေသသူအေပၚ ခ်စ္ခင္ရာ ေရာက္တယ္လို႔ ယူဆၾကပါတယ္။
တခ်ဳိ႕ကေတာ႔
သတၱဝါေတြကို သတ္ျဖတ္ စေတးလို႔ရိွရင္ ေဘးရန္ အႏၱရာယ္ကင္းၿပီး ေကာင္းက်ဳိး ခ်မ္းသာ ရတယ္လို႔
ယူဆၿပီး၊ လိုက္နာျပဳက်င္႔ေနၾကပါတယ္။ တခ်ိဳ႕ကေတာ႔ သတၱဝါ ဆိုတာ လူခၽြတ္မွ ကၽြတ္တယ္။ တိရိစာၦန္ဘဝက
လြတ္ေအာင္ တိရစာၦန္ေတြကို သတ္ေပးရမယ္ဆိုၿပီး ခရုေယာက္သြားေကာင္ကို ေရေႏြးနဲ႔ ျပဳတ္သတ္ၾကတယ္။
တခ်ဳိ႕ကေတာ႔
သတၱဝါေတြကို မသတ္သင္႔ဘူးဆိုၿပီး သတ္ျဖတ္ျခင္းမွ ေရွာင္ၾကဥ္ၾကပါတယ္။ တခ်ဳိ႕က မရိွရင္
ခိုးဆိုးလုယက္စားေသာက္ၾကမယ္လို႔ ယူဆၾကတယ္။ တခ်ဳိ႕ကေတာ႔ စားစရာ မရိွရင္ အသက္သာအေသခံမယ္
ခိုးဆိုးလုယက္ၿပီး မစားဘူးလို႔ ယူဆၾကတယ္။ တခ်ိဳ႕ကေတာ႔ အရက္ေသာက္တာ အျပစ္ရိွတယ္လို႔
ယူဆၾကၿပီး၊ တခ်ိဳ႕ကေတာ႔ အျပစ္မရိွဘူးလို႔ ယူဆၾကပါတယ္။
ထို႔အတူ
ေလာင္းကစားကိစၥ၊ သားမယားကိစၥမ်ားမွာလည္း တဦးႏွင္႔ တစ္ဦး ယူဆပုံခ်င္း မတူၾကပါဘူး။
ဒီလိုအမ်ဳိးမ်ဳိးျဖစ္ေနတဲ႔ အက်င္႔သီလေတြကို လိုက္နာက်င္႔သုံးလို႔ ကုသိုလ္ရတယ္လို႔ ဆိုႏိုင္ပါ႔မလား။
အက်င္႔သီလဆိုတာ ပုံေသသတ္မွတ္ခ်က္မရိွပဲ ေဒသအလိုက္၊ လူမ်ဳိးအလိုမက္ အမွားအမွန္ ရိွႏိုင္တယ္လို႔ထင္ပါတယ္။
ဆရာ႔အျမင္ႏွင္႔ ေဝဖန္ရွင္းျပေပးေစလိုပါတယ္ဆရာ။
ေျဖ။ ။ အခုေျပာတဲ႔
အေၾကာင္းအရာေတြကို ႏွစ္ပုိင္း ခဲြျခားၾကည္႔ေစလိုပါတယ္။ တစ္ပိုင္းကေတာ႔ လူမ်ဳိးရဲ႕ယဥ္ေက်းမႈ
ဓေလ႔ထုံးစံျဖစ္ၿပီး၊ က်န္တစ္ပိုင္းကေတာ႔ လူ႔ေလာကတစ္ခုလုံးႏွင္႔ ဆိုင္တဲ႔ ကိုယ္က်င္႔တရားျဖစ္ပါတယ္။
ငယ္သူက ႀကီးသူကို အရိုအေသေပးနည္း၊ တေယာက္နဲ႔တေယာက္ ခ်စ္ခင္ေၾကာင္းျပသတဲ႔နည္း၊ မဂၤလာအခမ္းအနားက်င္းပပုံ၊
အသုဘအခမ္းအနားက်င္းပပုံကိုေတာ႔ ယဥ္ေက်းမႈဓေလ႔ထုံးစံလို႔ ေခၚသင္႔ပါတယ္။ ဒီဓေလ႔ထုံးစံေတြက
လူေတြရဲ႕သတ္မွတ္ခ်က္ ေျပာင္းႏိုင္ပါတယ္။ ပုံေသမရိွပါဘူး။
လူအမ်ားလက္ခံရင္ မွန္တယ္လို႔ ယူဆရပါမယ္။
ဒါေပမဲ႔
ကိုယ္က်င္႔တရားနဲ႔ဆိုင္တဲ႔ အပိုင္းကိုေတာ႔ ဒီယဥ္ေက်းမႈဓေလ႔ထုံးစံေတြနဲ႔ ေရာေႏွာၿပီး
တတန္းတည္းထားၿပီး ေရာေႏွာ မစဥ္းစားေစခ်င္ဘူး။ ကိုယ္က်င္႔တရားႏွင္႔ ဆိုင္တဲ႔ အပိုင္းကေတာ႔
ပုံေသ သတ္မွတ္ခ်က္ရိွပါတယ္။ ဘယ္ေနရာ၊ ဘယ္ေဒသ၊ ဘယ္တိုင္းျပည္မွာမဆို အၿမဲမွန္ကန္ေနပါတယ္။
ဒါေၾကာင္႔ သီလဟာ ယဥ္ေက်းမႈႏွင္႔ဆိုင္တဲ႔သီလ၊ ကိုယ္က်င္႔တရားႏွင္႔ဆိုင္တဲ႔သီလဆိုၿပီး
ႏွစ္မ်ဳိးရိွပါတယ္။ ပထမသီလအမ်ဳိးအစားကို ကုလာစာရ ( ကုလ + အာစာရ )၊ မ်ဳိးရိုးစဥ္လာက်င္႔ဝတ္လို႔
ေခၚပါတယ္။ ဒုတိယအမ်ဳိးအစားကိုေတာ႔ ( ကုသလသီလ ) ကုသိုလ္သီလ လို႔ ေခၚပါတယ္။
ကုလာစာရ
ဆိုတဲ႔မ်ဳိးရိုးစဥ္လာက်င္႔ဝတ္ဓေလ႔ ထုံးစံကေတာ႔ ေကာင္းတာရိွသလို မေကာင္းတာလည္း ရိွပါတယ္။
မွန္တာရိွသလို၊ မမွန္တာလည္း ရိွပါတယ္။
ကိုယ္က်င္႔တရားနဲ႔ဆိုင္တဲ႔သီလကေတာ႔
အၿမဲတမ္းေကာင္းၿပီး၊ အၿမဲတမ္းမွန္ေနပါတယ္။ သတ္ျဖတ္ညွဥ္းဆဲမႈမွ ေရွာင္ၾကဥ္ျခင္းဟာ အၿမဲေကာင္းျမတ္မွန္ကန္ေနပါတယ္။
မသတ္ျဖတ္ရုံမွ်မက သတၱဝါေတြ အသက္ရွည္ေအာင္ အနာကင္းေအာင္ ကူညီမယ္ဆိုရင္ ပိုၿပီးေကာင္းျမတ္ပါတယ္။
အလားတူ ခိုးဝွက္လုယက္ျခင္းမွ ေရွာင္ၾကဥ္ျခင္းဟာ အၿမဲေကာင္းျမတ္ပါတယ္။ သူတစ္ပါးပစၥည္းမခိုးရိုမွ်မက
မိမိပစၥည္းကိုပင္ ေပးလွဴမယ္ဆိုရင္ ပိုၿပီးေကာင္းပါတယ္။ ဒီသီလေတြကို မေကာင္းပါဘူး။ မမွန္ပါဘူးလို႔
ေျပာရဲသူရိွမယ္ မထင္ပါဘူး။
( ဆရာေမာင္အံ႔- ဗုဒၶ၏လူမႈေရးတရားေတာ္မ်ား စာအုပ္မွ ေကာက္ႏုတ္ေဖၚျပပါသည္။ )
No comments:
Post a Comment