Friday, May 2, 2014

ကြီးပွါးချမ်းသာကြောင်း ယသဝဍ္ဎနတရားခုနှစ်ပါး



၁။ ထကြွလုံ့လ ဝီရိယရှိရခြင်း ( ဥဋ္ဌနဝန္တ)
၂။ သတိတရားနှင့် အမြဲပြည့်စုံရခြင်း ( သတိမန္တ)
၃။ ကိုယ် နှုတ် နှလုံး ဖြူစင်ရခြင်း ( သုစိကမ္မ )
၄။ စူးစမ်းဆင်ခြင်း၍ ပြုလုပ်လေ့ရှိခြင်း ( နိသမ္မကာရီ )
၅။ ကိုယ် နှုတ် နှလုံးတို့ကို စောင့်ထိန်းခြင်း ( သညတ )
၆။ တရားသဖြင့် အသက်မွေးခြင်း ( ဓမ္မဇီဝိ )
၇။ မေ့လျော့ပေါ့ဆမှု မရှိခြင်း ( အပ္ပမာဒ )
ဤတရားခုနှစ်ပါးနှင့် ပြည့်စုံပါလျှင် အစိုးရခြင်း၊ စည်းစိမ်ဥစ္စာအဖြာဖြာနှင့် ပြည့်စုံခြင်း၊ အခြေအရံ အကျော်အစောများခြင်း၊ ချီးမွမ်းခံရခြင်း တို့သည် တစ်နေ့တခြား တိုးပွါးလာမည်ဟု ဟောကြားတော်မူသည်ကို ဓမ္မပါဋ္ဌိတော်၊ ကုမ္ဘဃောသကသူဌေးဝတ္ထု၌ တွေ့ရှိရသည်။

ဓမ္မာစရိယဦးအေးနိုင် - မြတ်ဗုဒ္ဓ၏ကြီးပွါးချမ်းသာရေးလမ်းညွှန်ချက်များ စာအုပ်မှ ကူးယူဖေါ်ပြပါသည်။

[ ပစ္စုပ္ပန်ဘဝ၏ ကြီးပွါးချမ်းသားခြင်းသည် အတိတ်ဘဝကုသိုလ်ကံနှင့် တိုက်ရိုက်မသက်ဆိုင်ကြောင်းကို သိစေရန်ဖြစ်ပါသည်။ ]

ပစ္စည်းဥစ္စာရကြောင်း ( ၁၁ )ပါး

၁) အမှီကောင်းကို ရှာရခြင်း
၂) အနာရောဂါကင်းရခြင်း
၃) မပျင်းမရိ ရှိရခြင်း
၄) လုံ့လကြိုးကုတ် အားထုတ်ရခြင်း
၅) မာန မရှိရခြင်း
၆) အတိတ်ကုသိုလ်ကံ ရှိရခြင်း
၇) လူသုံးပါးနှင့် စရိုက်အလိုက် မျှတစွာ ဆက်ဆံရခြင်း
၈) မူးယစ်ကြောင်းမှန်သမျှကို ရှောင်ကြဉ်ရခြင်း
၉) ပွဲလမ်းသဘင်ကြည့်ရှူမှု နည်းရခြင်း
၁၀) ကြက်လောင်း၊ ကြွေလောင်း စသော လောင်းကစား မရှိရခြင်း
၁၁) အပျော်အပါး လိုက်စားမှု ကင်းရခြင်း တို့ဖြစ်ပါသည်။

{ ကျမ်းဂန်များမှ ထုတ်နှုတ်ထားသော ကန်တော်မင်းကျောင်းဆရာတော် ဆုံးမစာမှ ကောက်နုတ်သည်။  }

( Zawgyi )
၁။ ထၾကြလုံ႔လ ဝီရိယရိွရျခင္း ( ဥ႒နဝႏၱ)
၂။ သတိတရားႏွင္႔ အၿမဲျပည္႔စုံရျခင္း ( သတိမႏၱ)
၃။ ကိုယ္ ႏႈတ္ ႏွလုံး ျဖဴစင္ရျခင္း ( သုစိကမၼ )
၄။ စူးစမ္းဆင္ျခင္း၍ ျပဳလုပ္ေလ႔ရိွျခင္း ( နိသမၼကာရီ )
၅။ ကိုယ္ ႏႈတ္ ႏွလုံးတို႔ကို ေစာင္႔ထိန္းျခင္း ( သညတ )
၆။ တရားသျဖင္႔ အသက္ေမြးျခင္း ( ဓမၼဇီဝိ )
၇။ ေမ႔ေလ်ာ႔ေပါ႔ဆမႈ မရိွျခင္း ( အပၸမာဒ )
ဤတရားခုႏွစ္ပါးႏွင္႔ ျပည္႔စုံပါလွ်င္ အစိုးရျခင္း၊ စည္းစိမ္ဥစၥာအျဖာျဖာႏွင္႔ ျပည္႔စုံျခင္း၊ အေျခအရံ အေက်ာ္အေစာမ်ားျခင္း၊ ခ်ီးမြမ္းခံရျခင္း တို႔သည္ တစ္ေန႔တျခား တိုးပြါးလာမည္ဟု ေဟာၾကားေတာ္မူသည္ကို ဓမၼပါ႒ိေတာ္၊ ကုမၻေဃာသကသူေဌးဝတၳဳ၌ ေတြ႔ရိွရသည္။

ဓမၼာစရိယဦးေအးႏိုင္ - ျမတ္ဗုဒၶ၏ႀကီးပြါးခ်မ္းသာေရးလမ္းညႊန္ခ်က္မ်ား စာအုပ္မွ ကူးယူေဖၚျပပါသည္။

[ ပစၥဳပၸန္ဘဝ၏ ႀကီးပြါးခ်မ္းသားျခင္းသည္ အတိတ္ဘဝကုသိုလ္ကံႏွင္႔ တိုက္ရိုက္မသက္ဆိုင္ေၾကာင္းကို သိေစရန္ျဖစ္ပါသည္။ ]

ပစၥည္းဥစၥာရေၾကာင္း ( ၁၁ )ပါး

၁) အမွီေကာင္းကို ရွာရျခင္း
၂) အနာေရာဂါကင္းရျခင္း
၃) မပ်င္းမရိ ရိွရျခင္း
၄) လုံ႔လႀကိဳးကုတ္ အားထုတ္ရျခင္း
၅) မာန မရိွရျခင္း
၆) အတိတ္ကုသိုလ္ကံ ရိွရျခင္း
၇) လူသုံးပါးႏွင္႔ စရိုက္အလိုက္ မွ်တစြာ ဆက္ဆံရျခင္း
၈) မူးယစ္ေၾကာင္းမွန္သမွ်ကို ေရွာင္ၾကဥ္ရျခင္း
၉) ပြဲလမ္းသဘင္ၾကည္႔ရွဴမႈ နည္းရျခင္း
၁၀) ၾကက္ေလာင္း၊ ေၾကြေလာင္း စေသာ ေလာင္းကစား မရိွရျခင္း
၁၁) အေပ်ာ္အပါး လိုက္စားမႈ ကင္းရျခင္း တို႔ျဖစ္ပါသည္။

{ က်မ္းဂန္မ်ားမွ ထုတ္ႏႈတ္ထားေသာ ကန္ေတာ္မင္းေက်ာင္းဆရာေတာ္ ဆုံးမစာမွ ေကာက္ႏုတ္သည္။  }

No comments:

Post a Comment