Friday, May 9, 2014

သက်ရှိကျမ်းစာ







          ၁၉၅၃ ခုနှစ်ရဲ့ နေလည်ခင်းတစ်ခုမှာ ချီဂါဂိုမြို့ဘူတာရုံမှာ
မြို့တော်အရာရှိတွေ၊ သတင်းထောက်တွေ စုရုံးရောက်နေပါတယ်။ သူတို့တွေ့ဖို့စောင့်နေသူက
၁၉၅၂ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆိုကို ရခဲ့သူပါ။ ခဏကြာတော့ ရထားဆိုက်လာပြီး၊
တွဲတစ်တွဲမှ အရပ် ၆ပေ ၄ လက်မရှိတဲ့လူထွားကြီးတစ်ယောက်ဆင်းလာပါတယ်။ ထူထဲတဲဆံပင်၊ ကြီးမားတဲ့နှုတ်ခမ်းမွေးကြီးနဲ့ပါ။
ကင်မရာတွေ တဖြပ်ဖြပ်မီးပွင့်သွားတယ်။ မြို့တော်အရာရှိတွေလဲ လက်တွေဆန့်ပြီး၊ နှုတ်ဆက်ဖို့
သူ့ဆီကို ကပ်လာကြတယ်။ သူ့ကို တွေ့ရတာ ဘယ်လောက်တောင် ဂုဏ်ယူစရာကောင်းတယ်ဆိုတာကို လူတိုင်းလိုလို
ပြောနေကြပါတယ်။ 

          ထိုလူက သူတို့ကို
ကျေးဇူးတင်ကြောင်းပြောပါတယ်။ ထို့နောက် သူတို့ခေါင်းတွေကို ကျော်ပြီး၊ တစ်ခုခုကို လိုက်ရှာနေပါတယ်။
သူတို့ကို ခဏလောက်ခွင့်ပြုပါလို့ ခွင့်တောင်းပါတယ်။ ထိုလူက လူအုပ်ကြားထဲမှ ခပ်မြန်မြန်
လမ်းလျှောက်ထွက်လိုက်တယ်။ ပြီးတော့ အိတ်ကြီးနှစ်လုံးနဲ့ မနိုင်မနင်းဖြစ်နေတဲ့ လူမဲအဖွါးအိုထံကို
ရောက်တဲ့အခါ ရပ်သွားတယ်။ ပြုံးပြီး အိတ်ကြီးနှစ်လုံးကို ကောက်ယူပြီး၊ ဘတ်စ်ကားဆီသွားတဲ့
အဖွါးကြီးဘေးမှ အဖေါ်လိုက်သွားတယ်။ သူမကို ဘတ်စ်ကားပေါ်ကို တင်ပေးပြီးနောက်၊ ကောင်းသောခရီးစဉ်ဖြစ်ပါစေလို့
ဆုတောင်းပေးလိုက်တယ်။ သူ့ကို နှုတ်ဆက်ဖို့စောင့်နေတဲ့လူတွေဆီပြန်သွားပြီး၊ သူ တောင်းပန်စကားဆိုပါတယ်။

          “ခင်ဗျားတို့
စောင့်နေရတဲ့အတွက် တောင်းပန်ပါတယ်ဗျာ။”



          ထိုလူက ဒေါက်တာအဲဘတ်ရိုက်ဇာပါ။
သူ့ဘဝအချိန်အများစုကို အာဖရိကရှိ သူဆင်းရဲများကို ကူညီခဲ့တဲ့ သာသနာပြုဆရာဝန်ကြီးပါ။
ဒေါက်တာရိုက်ဇာရဲ့အပြုအမူကို တုန့်ပြန်သည့်အနေဖြင့်၊ ကြိုဆိုနုတ်ဆက်ရေးကော်မတီဝင်တစ်ဦးမှ
ဆရာကြီးနောက်တွင် ရပ်နေသောသတင်းထောက်တစ်ဦးထံ ချစ်ခင်လေးမြတ်စွာဖြင့် ထိုသို့လှမ်းပြောလိုက်ပါတယ်။



“တရားတော်အတိုင်း သက်ရှိထင်ရှားဖြစ်တာကို ကျုပ် ပထမဆုံးအကြိမ်တွေ့ဖူးပါပြီ။”

( Living Example from God’s Little Devotional Book ကိုဘာသာပြန်ဆိုပါသည်။ )

No comments:

Post a Comment