Monday, May 5, 2014

သိန်းဖေမြင့်၏ ဆရာများ ( ၃ )



                             ကျောင်းစာစီစာကုံးမှ ရသစာပေဆီသို့

          ဆရာဟာရွန်းသည် ညနေစောင်း ချင်းတွင်းမြစ်ကမ်း လမ်းလျှောက်ခြင်း အကြောင်းကို သင်ကြားနေစဉ်၊ ဟာသကလေးနှောလိုက်ပါသည်။ ဝင်တော့အံ့ဆဲဆဲ နေမင်းအောက်တွင် ချင်းတွင်းမြစ် အနောက်ဖက်ကမ်း၏ အလှကို ဖေါ်ပြပြီးနောက် ဤသို့ဆက်ပြောပါသည်။ 








          ကျွန်တော်က နံနက်ခင်းဆည်းဆာအလင်းရောင် ရောက်လျှင်ရောက်ချင်း ကျီးအာသည့် ဓလေ့ထုံးက စ၍ရေးသည်။ ညက အိပ်ရေးပျက်ပျက်၊ မပျက်ပျက် ဆည်းဆာအလင်းရောင်ရောက်လျှင် မနိုးဘဲ မနေနိုင်ဟုဆိုသည်။ နိုးပြီးထျှင် မအာဘဲမနေနိုင်ဟုဆိုသည်။ ခင်ဗျားတို့လူတွေလို ကျွန်တော်တို့ကျီးက မျက်နှာသစ်ဖို့မလိုဟုလည်း ဆိုလိုက်သေး၏။ ( ထိုစဉ်က မုံရွာမြို့တွင် မြို့လည်ဈေးကြီး တစ်ဈေးသာရှိသည်။ ကျွန်တော်တို့ဘော်ဒါကျောင်းသားများ (ဝါ) ကျောင်းအိပ်ကျောင်းစားများသာ နံနက်တိုင်း အလှည့်ကျဈေးဝယ်ကြရသဖြင့် မုံရွာဈေးအတွေ့အကြုံ ရှိကြသည်။ ထို့ကြောင့် ကျီးအဖြစ် ဈေးသို့ အစာရှာထွက်ခြင်းသည် ကိုယ်ပိုင်အတွေ့အကြုံကို အသုံးချလိုက်ခြင်းဖြစ်သည်။ ( ကျွန်တော်သည် တစ်နေရာမှာနားပြီး အလစ်ချောင်းနေသည်။ သို့ချောင်းနေစဉ် တစ်နေရာ၌ ဆံထောက်ဖါးဖါး၊ အသားဖြူဖြူ ခပ်ချောချော ဟင်းသီးဟင်းရွက်သည်မလေး တစ်ဦးသည် သူ့ကို ပြီတီတီလုပ်နေသောဘော်ဒါကျောင်းသားဈေးဝယ်သူအား အပိုအမို အဆစ်တွေ အများကြီး ပေးလိုက်သည်ကို တွေ့မြင်လိုက်ရသည်။ နောက်တစ်နေရာ၌ကား ငါးစိမ်းသည်မိန်းမကြီးတစ်ဦးတို့ အလေးမမှန်ဟု စွပ်စွဲရာမှ စပြီး စကားများနေကြသည်။ သူတို့စကားများ ရန်ထောင်နေကြစဉ် ကျွန်တော်က အလစ်ဝင်၍ ငါးတစ်ကောင်ကို သုတ်ချီခဲ့လေတော့သည်။ စသည်ဖြင့် ရေးခဲ့ပါသည်။


No comments:

Post a Comment