Wednesday, May 21, 2014

လူတိုင်း ထည့်ဝင် ပေးကြပါခင်ဗျာ ( 1 )

( တင်ပြီးပြီလား သိပ်မသေချာပါ။ ကိုယ်တိုင်တွေးလေးပါ။ )


“ထည့်ဝင်ပေးကြပါ” ဆိုတော့ ရုတ်တရက် ဘာကို ဆိုလိုမှန်း မသိဘူး ဖြစ်သွားပါလိမ့်မယ်။ “ထည့်ဝင်လှူဒါန်းပေးကြပါ” လို့ ပြောချင်ပေမဲ့ “လှူဒါန်း” ဆိုတဲ့ စကားလုံးကို အစဉ်အလာ အတိုင်းတွေးမိကြပြီး၊ “အော်… အလှူခံနေတာကိုး ” လို့ ထင်သွားမှာ စိုးလို့ အဲဒီစကားလုံးကို မသုံးလိုက်တာပါ။ ဆိုလိုတဲ့ အဓိပ္ပါယ်က အင်္ဂလိပ်စာလုံး “contribution” ရဲ့ အဓိပ္ပါယ် ကို ပြောချင်တာပါ။ 


          တောင်းခံချင်တာကတော့ ကိုယ့်လူ့အဖွဲ့အစည်း အတွက် ကိုယ်နိုင်သမျှလေးတွေ လုပ်ပေးကြဖို့ပါ။ အခုခေတ်က “civil society” လို့ ခေါ်တဲ့   “အရပ်ဖက်လူ့အဖွဲ့အစည်း” တွေ အားကောင်းမောင်းသန် လုပ်ကိုင်ကြတဲ့ခေတ်ပါ။ ပြီးခဲ့တဲ့ စနစ်ဆိုးကြီးရဲ့ နင်းချေမှုကြောင့် ဘယ်လောက်ပျက်စီးသွားသလဲ ကိုတော့ လူတိုင်း ၊ သိကြမှာပါ။ ထောက်လှမ်းရေးဆိုတဲ့ တစ္ဆေကြီးတွေကြောင့် လူတွေ တစ်ယောက်နှင့် တစ်ယောက် ယုံကြည်မှုကင်းမဲ့ကြလို့ ဝါးအစည်းပြေသလို တစ်ယောက်၊ တစ်ပေါက်လုပ်ကြ၊ ကိုင်ကြတာတွေ အရိုးစွဲခဲ့ရပါတယ်။ အဲဒါကြောင့်လဲ အများနဲ့ လုပ်ကိုင်ကြမဲ့ ကိစ္စတွေဆို ကွဲကြ၊ ပြဲကြတဲ့ ကိစ္စတွေ ကြားရတတ်ပါတယ်။ ကြားရတိုင်းလဲ တုံ့ပြန်သူတွေက အခုမှ ကွဲခဲ့ကြတာ၊ မဟုတ်တာ ဆိုပြီး ထိန်းသိမ်းဖို့ တာဝန်မဲ့ စကားတွေနဲ့ ပြီးခဲ့ကြတာပါပဲ။ 

          ကျွန်တော်တို့မှာ လူ့အဖွဲ့အစည်းမှာ အခုအထိ အောင်မြင်နေတဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။ နှစ်ပေါင်း ၁၀၀ ကျော် အောင်မြင်ခဲ့တာပါ။ ဥပမာ.. မလွန်ဆန်လှူအသင်းလို အဖွဲ့အစည်းတွေပါ။ နောက်ပြီး နိုင်ငံခြား အဖွဲ့အစည်းတွေက ပေးတဲ့ ပညာရေးအောင်လက်မှတ်တွေလို အဖွဲ့အစည်းတွေလဲ ကျွန်တော်တို့ နိုင်ငံမှာရှိခဲ့ပါတယ်။ ဆိုလိုတာက LCCI အောင်လက်မှတ် ဆိုတာ London Chamber and Commerce Industry  ဆိုတဲ့ လန်ဒန်မြို့စက်မှုနှင့်ကုန်သည်ကြီးများအသင်းက စံနှုန်းများ ချမှတ်ပြီး၊ အဲဒီစံနှုန်းတွေနဲ့ မေးခွန်းတွေထုတ် ၊ တစ်ကမ္ဘာလုံးမှာ စာမေးပွဲတွေ ကျင်းပပြီး အောင်လက်မှတ်တွေ ပေးကြတဲ့ အဖွဲ့အစည်းကြီးတွေပါ။ တကယ် တက္ကသိုလ်ပညာရေးဌာနအစစ်တွေ မဟုတ်ကြပါဘူး။ LCCI လို အလားတူ အဖွဲ့အစည်းကြီးတွေ ဖြစ်တဲ့ abe(Association of business executives) , ACCA, ICS ( International Charterd Shipbroker) စတဲ့ အခြားအဖွဲ့အစည်းပေါင်းများစွာ ရှိကြပါတယ်။ 

          အဲဒီ အဖွဲ့အစည်းကြီးတွေဟာ နှစ်ပေါင်းများစွာ တည်တံ့အောင်လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ အဲဒီနောက် ဒီအဖွဲ့အစည်းအတွင်း လာရောက်လုပ်ကိုင်မဲ့လူတွေ အဆင်ပြေအောင်လို့၊ မင်းတို့ ဒီအလုပ်တွေ ကို လုပ်ချင်ရင် ဒါတွေကို လေ့လာခဲ့ဆိုပြီး စည်းမျဉ်းတွေကို ပြဌာန်းခဲ့ပါတယ်။ အဲဒီကမှ တဆင့် အဲဒီပြဌာန်းချက်တွေကို စာမေးပွဲအဖြစ် အသွင်ဖန်တီးလာခဲ့ကြတာပါ။ သူ့တို့ ချမှတ်ထားတဲ့ စံနှုန်းတွေကို အမြဲခေတ်မှီအောင်ပြင်ဆင်၊ စာမေးပွဲတစ်ခုရဲ့ အဆင့်အတန်းကို အမြဲထိန်းသိမ်းလာခဲ့ကြပါတယ်။ အဲဒါကြောင့် ယခုဆိုရင် ကျွန်တော်တို့နိုင်ငံလို ပညာရေးအဆင့်အတန်း နိမ့်ကျတဲ့ နိုင်ငံတွေမှာ သူတို့ လက်မှတ်တွေက ပေါ်ပေါ်ထင်ထင် လူရာဝင်နေခဲ့ကြပါတယ်။ 


          အဲဒီအဖွဲ့အစည်းတွေကို အပြစ်ပြောချင်တာ မဟုတ်ပါဘူး။ သူတို့က ဒီလိုစနစ်၊ ဒီလို နာမည်ကောင်းလက်မှတ်အတွက် နှစ်ပေါင်းများစွာ ရင်းနှီးခဲ့ရတာပါ။ အမှန်တကယ်က ကျွန်တော်တို့တွေ ညံ့ဖျင်းခဲ့ကြတာပါ။ 

          ကဲ့ အဲဒီလို အင်္ဂလန်က ပညာရေးအဖွဲ့အစည်းတွေလိုမျိုး ကိုယ်ပိုင်အဆင့်အတန်း၊ ကိုယ်ပိုင်မေးခွန်း၊ ကိုယ်ပိုင်စာစစ်၊ ကိုယ်ပိုင်လက်မှတ်တွေ ပေးနေတဲ့ အဖွဲ့အစည်းတွေ ကျွန်တော်တို့ နိုင်ငံမှာ မရှိတော့ဘူးလား။ ရှိပါတယ်။ တကယ့်ကို နှစ်ပေါင်းတစ်ရာကျော်ပြီး၊ မြန်မာမင်းတွေ လက်ထက်က စခဲ့ကြပြီး အခုလက်ရှိအချိန်အထိ ရှင်သန်နေတဲ့ အဖွဲ့အစည်းတွေ ရှိပါသည်။ သံဃာတွေရဲ့ ပညာရေး အဖွဲ့အစည်းတွေပေါ့။ အခုလက်ရှိအထိ ခိုင်မာ ပြင်းထန်တဲ့ မေးခွန်းထုတ်၊ စာစစ် …စနစ်တွေနဲ့ တည်ဆောက်ထားပါတယ်။ ဥပမာ.. .မန္တလေးမြို့က “သကျသီဟဓမ္မာစရိယစာမေးပွဲ” ၊ ရွှေတိဂုံဘုရားပေါ်ရှိ “စေတီယင်္ဂဏဓမ္မာစရိယစာမေးပွဲ” စတဲ့ စာမေးပွဲကျင်းပပြီး၊ စာစစ်၊ ကိုယ်တိုင်လက်မှတ်ထုတ်ပေးတဲ့ အဖွဲ့အစည်းတွေပါ။ မန္တလေးမြို့က “သကျသီဟဓမ္မာစရိယ်စာမေးပွဲ” ဆိုရင် မြန်မာမင်းတွေ လက်ထက်ကထဲက စခဲ့ပြီး အခုအချိန်အထိ ဆက်လက်ကျင်းပနေဆဲပါ။

( Zawgyi )

( တင္ၿပီးၿပီလား သိပ္မေသခ်ာပါ။ ကိုယ္တုိင္ေတြးေလးပါ။ )


“ထည္႔ဝင္ေပးၾကပါ” ဆိုေတာ႔ ရုတ္တရက္ ဘာကို ဆိုလိုမွန္း မသိဘူး ျဖစ္သြားပါလိမ္႔မယ္။ “ထည္႔ဝင္လွဴဒါန္းေပးၾကပါ” လို႔ ေျပာခ်င္ေပမဲ႔ “လွဴဒါန္း” ဆိုတဲ႔ စကားလုံးကို အစဥ္အလာ အတိုင္းေတြးမိၾကၿပီး၊ “ေအာ္… အလွဴခံေနတာကိုး ” လို႔ ထင္သြားမွာ စိုးလို႔ အဲဒီစကားလုံးကို မသုံးလိုက္တာပါ။ ဆိုလိုတဲ႔ အဓိပၸါယ္က အဂၤလိပ္စာလုံး “contribution” ရဲ႕ အဓိပၸါယ္ ကို ေျပာခ်င္တာပါ။ 


          ေတာင္းခံခ်င္တာကေတာ႔ ကိုယ္႔လူ႔အဖြဲ႔အစည္း အတြက္ ကုိယ္ႏိုင္သမွ်ေလးေတြ လုပ္ေပးၾကဖို႔ပါ။ အခုေခတ္က “civil society” လို႔ ေခၚတဲ႔   “အရပ္ဖက္လူ႔အဖြဲ႔အစည္း” ေတြ အားေကာင္းေမာင္းသန္ လုပ္ကိုင္ၾကတဲ႔ေခတ္ပါ။ ၿပီးခဲ႔တဲ႔ စနစ္ဆိုးႀကီးရဲ႕ နင္းေခ်မႈေၾကာင္႔ ဘယ္ေလာက္ပ်က္စီးသြားသလဲ ကိုေတာ႔ လူတိုင္း ၊ သိၾကမွာပါ။ ေထာက္လွမ္းေရးဆိုတဲ႔ တေစၦႀကီးေတြေၾကာင္႔ လူေတြ တစ္ေယာက္ႏွင္႔ တစ္ေယာက္ ယုံၾကည္မႈကင္းမဲ႔ၾကလို႔ ဝါးအစည္းေျပသလို တစ္ေယာက္၊ တစ္ေပါက္လုပ္ၾက၊ ကိုင္ၾကတာေတြ အရိုးစြဲခဲ႔ရပါတယ္။ အဲဒါေၾကာင္႔လဲ အမ်ားနဲ႔ လုပ္ကိုင္ၾကမဲ႔ ကိစၥေတြဆို ကြဲၾက၊ ၿပဲၾကတဲ႔ ကိစၥေတြ ၾကားရတတ္ပါတယ္။ ၾကားရတုိင္းလဲ တုံ႔ျပန္သူေတြက အခုမွ ကြဲခဲ႔ၾကတာ၊ မဟုတ္တာ ဆိုၿပီး ထိန္းသိမ္းဖို႔ တာဝန္မဲ႔ စကားေတြနဲ႔ ၿပီးခဲ႔ၾကတာပါပဲ။ 

          ကၽြန္ေတာ္တို႔မွာ လူ႔အဖြဲ႔အစည္းမွာ အခုအထိ ေအာင္ျမင္ေနတဲ႔ အဖြဲ႔အစည္းေတြ ရိွပါတယ္။ ႏွစ္ေပါင္း ၁၀၀ ေက်ာ္ ေအာင္ျမင္ခဲ႔တာပါ။ ဥပမာ.. မလြန္ဆန္လွဴအသင္းလို အဖြဲ႔အစည္းေတြပါ။ ေနာက္ၿပီး ႏိုင္ငံျခား အဖြဲ႔အစည္းေတြက ေပးတဲ႔ ပညာေရးေအာင္လက္မွတ္ေတြလို အဖြဲ႔အစည္းေတြလဲ ကၽြန္ေတာ္တို႔ ႏိုင္ငံမွာရိွခဲ႔ပါတယ္။ ဆိုလုိတာက LCCI ေအာင္လက္မွတ္ ဆိုတာ London Chamber and Commerce Industry  ဆိုတဲ႔ လန္ဒန္ၿမိဳ႕စက္မႈႏွင္႔ကုန္သည္ႀကီးမ်ားအသင္းက စံႏႈန္းမ်ား ခ်မွတ္ၿပီး၊ အဲဒီစံႏႈန္းေတြနဲ႔ ေမးခြန္းေတြထုတ္ ၊ တစ္ကမာၻလုံးမွာ စာေမးပြဲေတြ က်င္းပၿပီး ေအာင္လက္မွတ္ေတြ ေပးၾကတဲ႔ အဖြဲ႔အစည္းႀကီးေတြပါ။ တကယ္ တကၠသိုလ္ပညာေရးဌာနအစစ္ေတြ မဟုတ္ၾကပါဘူး။ LCCI လို အလားတူ အဖြဲ႔အစည္းႀကီးေတြ ျဖစ္တဲ႔ abe(Association of business executives) , ACCA, ICS ( International Charterd Shipbroker) စတဲ႔ အျခားအဖြဲ႔အစည္းေပါင္းမ်ားစြာ ရိွၾကပါတယ္။ 

          အဲဒီ အဖြဲ႔အစည္းႀကီးေတြဟာ ႏွစ္ေပါင္းမ်ားစြာ တည္တံ႔ေအာင္လုပ္ေဆာင္ႏိုင္ခဲ႔ၾကပါတယ္။ အဲဒီေနာက္ ဒီအဖြဲ႔အစည္းအတြင္း လာေရာက္လုပ္ကိုင္မဲ႔လူေတြ အဆင္ေျပေအာင္လို႔၊ မင္းတို႔ ဒီအလုပ္ေတြ ကို လုပ္ခ်င္ရင္ ဒါေတြကို ေလ႔လာခဲ႔ဆိုၿပီး စည္းမ်ဥ္းေတြကို ျပဌာန္းခဲ႔ပါတယ္။ အဲဒီကမွ တဆင္႔ အဲဒီျပဌာန္းခ်က္ေတြကို စာေမးပြဲအျဖစ္ အသြင္ဖန္တီးလာခဲ႔ၾကတာပါ။ သူ႔တို႔ ခ်မွတ္ထားတဲ႔ စံႏႈန္းေတြကို အၿမဲေခတ္မွီေအာင္ျပင္ဆင္၊ စာေမးပြဲတစ္ခုရဲ႕ အဆင္႔အတန္းကို အၿမဲထိန္းသိမ္းလာခဲ႔ၾကပါတယ္။ အဲဒါေၾကာင္႔ ယခုဆိုရင္ ကၽြန္ေတာ္တို႔ႏိုင္ငံလို ပညာေရးအဆင္႔အတန္း နိမ္႔က်တဲ႔ ႏိုင္ငံေတြမွာ သူတို႔ လက္မွတ္ေတြက ေပၚေပၚထင္ထင္ လူရာဝင္ေနခဲ႔ၾကပါတယ္။ 


          အဲဒီအဖြဲ႔အစည္းေတြကို အျပစ္ေျပာခ်င္တာ မဟုတ္ပါဘူး။ သူတို႔က ဒီလိုစနစ္၊ ဒီလို နာမည္ေကာင္းလက္မွတ္အတြက္ ႏွစ္ေပါင္းမ်ားစြာ ရင္းႏွီးခဲ႔ရတာပါ။ အမွန္တကယ္က ကၽြန္ေတာ္တို႔ေတြ ညံ႔ဖ်င္းခဲ႔ၾကတာပါ။ 

          ကဲ႔ အဲဒီလို အဂၤလန္က ပညာေရးအဖြဲ႔အစည္းေတြလိုမ်ဳိး ကိုယ္ပိုင္အဆင္႔အတန္း၊ ကိုယ္ပိုင္ေမးခြန္း၊ ကိုယ္ပိုင္စာစစ္၊ ကိုယ္ပိုင္လက္မွတ္ေတြ ေပးေနတဲ႔ အဖြဲ႔အစည္းေတြ ကၽြန္ေတာ္တို႔ ႏိုင္ငံမွာ မရိွေတာ႔ဘူးလား။ ရိွပါတယ္။ တကယ္႔ကို ႏွစ္ေပါင္းတစ္ရာေက်ာ္ၿပီး၊ ျမန္မာမင္းေတြ လက္ထက္က စခဲ႔ၾကၿပီး အခုလက္ရိွအခ်ိန္အထိ ရွင္သန္ေနတဲ႔ အဖြဲ႔အစည္းေတြ ရိွပါသည္။ သံဃာေတြရဲ႕ ပညာေရး အဖြဲ႔အစည္းေတြေပါ႔။ အခုလက္ရိွအထိ ခိုင္မာ ျပင္းထန္တဲ႔ ေမးခြန္းထုတ္၊ စာစစ္ …စနစ္ေတြနဲ႔ တည္ေဆာက္ထားပါတယ္။ ဥပမာ.. .မႏၱေလးၿမိဳ႕က “သက်သီဟဓမၼာစရိယစာေမးပြဲ” ၊ ေရႊတိဂံုဘုရားေပၚရိွ “ေစတီယဂၤဏဓမၼာစရိယစာေမးပြဲ” စတဲ႔ စာေမးပြဲက်င္းပၿပီး၊ စာစစ္၊ ကိုယ္တိုင္လက္မွတ္ထုတ္ေပးတဲ႔ အဖြဲ႔အစည္းေတြပါ။ မႏၱေလးၿမိဳ႕က “သက်သီဟဓမၼာစရိယ္စာေမးပြဲ” ဆိုရင္ ျမန္မာမင္းေတြ လက္ထက္ကထဲက စခဲ႔ၿပီး အခုအခ်ိန္အထိ ဆက္လက္က်င္းပေနဆဲပါ။

No comments:

Post a Comment