Thursday, May 15, 2014

ရွှေပြည်အေးဆရာတော်နှင့် တွေ့ဆုံခြင်း


လုပ်ငန်းတစ်ခုအောင်မြင်အောင် လုပ်ဖို့ဆိုရာမှာ မြတ်စွာဘုရားမိန့်မှာထားတဲ့ အချက် ( ၅) ချက် ရှိတယ်။

၁) စိရကာလဘာဝနာ - လုပ်ငန်းတစ်ခုကို အချိန်ဘယ်လောက်ပဲကြာကြာ ဒီလုပ်ငန်းကို ပြီးဆုံးအောင်လုပ်ရမယ်ဆိုတဲ့စိတ်နဲ့ ကြာချင်သလောက်ကြာပါစေ လုပ်ရမယ်ပေါ့။

၂)နိရန္တရဘာဝနာ - လုပ်ငန်းတစ်ခုကို လုပ်ပြီဆို ရပ်မပြစ်လိုက်ပါနဲ့။ အဆက်မပြတ်လုပ်ပါ။ အဆက်မပြတ်လုပ်ရင် အောင်မြင်တယ်။ 

၃) နိရဝသေသဘာဝနာ - ဒါတွေသိပ်အရေးမကြီးဘူးဆိုပြီး စိတ်ထဲခပ်ပေါ့ပေါ့ မထားပါနဲ့။ လုပ်စရာရှိတဲ့လုပ်ငန်းမှန်သမျှ အကုန်လုံးအသေးအမွှားပါမကျန်လုပ်ပါ။ အကြွင်းအကျန်ဆိုတာ မထားပါနဲ့။

၄) သက္ကစ္စဘာဝနာ - ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ သိပ်ပေါ့ပေါ့လျော့လျော့ မထားပါနဲ့။ လေးလေးစားစားလုပ်ပါ။

၅) အဘိရတဘာဝနာ - အလုပ်ကို ပေါ့ပေါ့ပါးပါးလုပ်ပါ။ မလုပ်ချင်ဘဲလုပ်ရတာ မဖြစ်ပါစေနဲ့။ တကယ့်ကို စိတ်ပါလက်ပါ ပျော်ပျော်ပါးပါး လုပ်ပါ။

( ရွှေပြည်အေးဆရာတော်အင်တာဗျူးမှ ကူးယူဖေါ်ပြပါသည်။ )

( Zawgyi )

လုပ္ငန္းတစ္ခုေအာင္ျမင္ေအာင္ လုပ္ဖို႔ဆိုရာမွာ ျမတ္စြာဘုရားမိန္႔မွာထားတဲ႔ အခ်က္ ( ၅) ခ်က္ ရိွတယ္။

၁) စိရကာလဘာဝနာ - လုပ္ငန္းတစ္ခုကို အခ်ိန္ဘယ္ေလာက္ပဲၾကာၾကာ ဒီလုပ္ငန္းကို ၿပီးဆုံးေအာင္လုပ္ရမယ္ဆိုတဲ႔စိတ္နဲ႔ ၾကာခ်င္သေလာက္ၾကာပါေစ လုပ္ရမယ္ေပါ႔။

၂)နိရႏၱရဘာဝနာ - လုပ္ငန္းတစ္ခုကို လုပ္ၿပီဆို ရပ္မျပစ္လိုက္ပါနဲ႔။ အဆက္မျပတ္လုပ္ပါ။ အဆက္မျပတ္လုပ္ရင္ ေအာင္ျမင္တယ္။ 

၃) နိရဝေသသဘာဝနာ - ဒါေတြသိပ္အေရးမႀကီးဘူးဆိုၿပီး စိတ္ထဲခပ္ေပါ႔ေပါ႔ မထားပါနဲ႔။ လုပ္စရာရိွတဲ႔လုပ္ငန္းမွန္သမွ် အကုန္လုံးအေသးအမႊားပါမက်န္လုပ္ပါ။ အၾကြင္းအက်န္ဆိုတာ မထားပါနဲ႔။

၄) သကၠစၥဘာဝနာ - ကိုယ္လုပ္တဲ႔အလုပ္အေပၚမွာ သိပ္ေပါ႔ေပါ႔ေလ်ာ႔ေလ်ာ႔ မထားပါနဲ႔။ ေလးေလးစားစားလုပ္ပါ။

၅) အဘိရတဘာဝနာ - အလုပ္ကို ေပါ႔ေပါ႔ပါးပါးလုပ္ပါ။ မလုပ္ခ်င္ဘဲလုပ္ရတာ မျဖစ္ပါေစနဲ႔။ တကယ္႔ကို စိတ္ပါလက္ပါ ေပ်ာ္ေပ်ာ္ပါးပါး လုပ္ပါ။

( ေရႊျပည္ေအးဆရာေတာ္အင္တာဗ်ဴးမွ ကူးယူေဖၚျပပါသည္။ )

No comments:

Post a Comment