{ဆရာသိန်းဖေမြင့် ငယ်စဉ်တွင် ဆရာများမှ စာပေရေးသားနည်းစနစ်များကို မည်ကဲ့သို့ သင်ကြားပေးခဲ့သည်ကို သိစေရန်အတွက် ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။ }
မြန်မာစာ ဆရာသစ်
၈တန်း မရောက်မှီ မြန်မာမူလတန်းကျောင်းတွင် ဆရာဉာဏ်က လည်းကောင်း၊ နေရှင်နယ်ကျောင်းတွင် ဆရာမြိုင်ကလည်းကောင်း၊ ဗုဒ္ဓဘာသာကျောင်းတွင် ဆရာတင်က လည်းကောင်း၊ အခြားသောဆရာ၊ ဆရာမများက လည်းကောင်း ကျွန်တော့ကို အခြေခံဝေါဟာရများ၊ သဒ္ဒါနှင့် စာစီစာကုံး အတိုကလေးတွေကို သင်ပေးလိုက်သည်။ ထိုအဆင့်မှာ စာအဖြစ် ရေးတတ်ရုံသာရှိပါ၏။ သို့သော် “စာအဖြစ်” ဟု ဆိုပြီး ကျွန်တော် အထင်မသေးပါ။ ထိုဆရာတို့ သင်ပေးလိုက်သော “စာအဖြစ်” သည် အခြေခံ မြန်မာစာရေးနည်း ရေးထုံးများ ဖြစ်ပါ၏။
“စာအဖြစ်”က နေပြီး “စာပေအဖြစ်” သို့ တစ်ဆင့်တက် ရေးနိုင်ရန် အထူးသဖြင့် ရသစာပေအဖြစ်သို့ တက်လှမ်းရေးသားနိုင်ရန်၊ ၈တန်း၊ ၉တန်း၊ ၁၀တန်းတို့၌ စာပေအုတ်မြစ်ချခဲ့ရသည်ဟု ကျွန်တော်ယူဆသည်။ ဆရာဟာရွန်းသည် ထိုအုတ်မြစ်ကို ချပေးခဲ့သည်။
ဗုဒ္ဓဘာသာကျောင်း အထက်တန်းများတွင် မြန်မာစာ သင်ကြားပေးသော ဆရာသစ်ကလည်း ထိုသို့ အုတ်မြစ်ချရာ၌ ပါဝင်ခဲ့လေသည်။
ဆရာသစ်သည် ပျို့၊ ကဗျာလင်္ကာ စပ်ဟပ်ပုံများကို သင်ကြားရင်း ဒေါသ၊ ရသများအကြောင်းကို ဟောပြောသည်။ ထိုစဉ်က မြန်မာစာသင်ကြားပုံမှာ ကဗျာလင်္ကာကို ဦးစားပေးသည်။ ပါဠိအလင်္ကာကျမ်းများမှ ကောက်နုတ်ချက်များကို မှီး၍၊ မြန်မာကဗျာလင်္ကာတို့နှင့် ဆီလျော်အောင်ချဉ်းကပ်ကာ သင်ကြားပို့ချခြင်းဖြစ်သည်။ စကားပြေ အရေးအသားကိုကား အထူးတလည် သင်ကြားပို့ချခြင်း မရှိတော့ချေ။
သို့သော် ကဗျာလင်္ကာနှင့် စပ်လျဉ်း၍ ဆရာသစ် ဟောပြောသော ဒေါသ၊ ရသ၊ ဆန်း၊ အလင်္ကာ စသည်တို့သည် အချည်းနှီးမဟုတ်ပါ။ ကျွန်တော်တို့ မြန်မာစကားပြေရေးရာတွင် အသုံးဝင်ပါသည်။ ဒေါသ၊ ရသတို့သည် ရှောင်ရန်နှင့် ဆောင်ရန်သဘောပင် ဖြစ်၏။ ထို့ပြင် ပါဠိစာပေနှင့် ပါဠိ ကဗျာလင်္ကာတို့မှ ရသတို့ကို ဖေါ်ထုတ်ပြသခြင်းအားဖြင့် ကျွန်တော်တို့မှာ ရသခံစားမှု အတတ်ပညာ တိုးပွါးရ၏။ ရသခံစားမှုစိတ် ပုံမှန်ဖြစ်ရ၏။ ဂရုဏာပွါးစရာရှိလျှင် ဂရုဏာပွါးတတ်မှ၊ ချစ်စရာရှိလျှင် ချစ်တတ်မှ၊ မုန်းစရာရှိလျှင် မုန်းတတ်မှ၊ ရဲစရာရှိလျှင် ရဲတတ်မှ၊ ကြောက်စရာရှိလျှင် ကြောက်တတ်မှ၊ ပုံမှန်စိတ်အခြေအနေရှိသည်။
ပုံမှန်စိတ်အခြေအနေကို ပုံမှန်ရသခံစားမှုကပေးသည်။ ပကတိအရှိကို မြင်ပြီး ကြည်လင်သော ပကတိဉာဏ်ဖြင့် တွေးခေါ်ခြင်း၊ ကြံစည်ခြင်း၊ စိတ်ကူးခြင်းတို့သည် မရှိမဖြစ်သလို၊ ပကတိထက် ကျော်လွန်ပြီး၊ တစ်ဆင့်နှစ်ဆင့်တက်ကာကြည့်ပြီး၊ ကွန့်မြူးသောစိတ်ဓါတ် (ဝါ) ကွန့်မြူးသောစိတ်ကူးဉာဏ်ဖြင့် အထူးတွေးခေါ်ခြင်း၊ အထူးကြံစည်စိတ်ကူးခြင်း၊ (ဝါ) စိတ်ကူးယဉ်ခြင်းသည်လည်း စိတ်ဓါတ်ဖွံ့ဖြိုးရေးအတွက် အရေးကြီးလှပါသည်။
ကျွန်တော့်အဖို့ မုံရွာဗုဒ္ဓဘာသာကျောင်းတုန်းက သင်ကြားလေ့လာခဲ့ရသည့် ရသအမျိုးမျိုး ခံစားမှုကိုပေးသော ဒေါသ၊ ရသ၊ ဆန်း၊ အလင်္ကာ စသည့် စာပေအတတ်များသည် အသုံးဝင်လှပါသည်။ ယင်းတို့တွင် ခေတ်နှင့် မလျော်သောကိစ္စအများအပြားပါဝင်သည်မှာ အမှန်ဖြစ်သော်လည်း၊ ယင်းတို့ကို ခေတ်အခါနှင့် ညီအောင် ပြုပြင်သုတ်သင်၍ အသစ်တိုးပွါးအောင် ပြုပြင်ရမည်မှာ အမှန်ပင် ဖြစ်သော်လည်း၊ ယင်းတို့သည် မြန်မာစာပေ၏ အုတ်မြစ်များဖြစ်ပါသည်။
ဆရာသစ်သည် ကဗျာလင်္ကာ၊ ဆန်းလင်္ကာနှင့် ကျောင်းသုံးစာအုပ်များကို သင်ကြားရင်းက ကာလပေါ်ဝတ္ထုများသို့ ရောက်သွားတတ်လေသည်။ ထိုအချိန်ကား နာမည်ကျော် ဆရာတော်ကြီးများက ခေါင်းဆောင်ပြီး၊ ကာလပေါ်ဝတ္ထုများကို ရှုံ့ချနေသောအခါဖြစ်သည်။ ဆရာသစ်မှာ သားရေဖုံးနှင့် ဖုံးထားသော ပညာ့အလင်း၊ ဒဂုန်မဂ္ဂဇင်း စသည်တို့ရှိသည်။ ၎င်းတို့အနက် ဘယ်ကဗျာမှ ဘယ်လိုရှိသည်ဟု ပြောရင်းမှ ဘယ်ဝတ္ထုမှာ ဘယ်လိုကောင်းတာပဲဟု ဆွဲပြောသွားတတ်သည်။ ပြီးတော့ သားရေဖုံး၊ ရွှေစာလုံးနှင့် စာအုပ်ကြီးထဲမှ ဝတ္ထုများကို အတန်းအား ဖတ်ပြလေတော့သည်။ လူရုပ်သွင်သဏ္ဍာန် သရုပ်ဖေါ်ပုံကောင်းသည့် ကောက်နုတ်ချက်၊ ချစ်ခန်းကောင်းသည့် ကောက်နုတ်ချက် စသည်ဖြင့်
ဆရာသစ်သည် ထိုစာများကို ဖတ်ပြရာ၌ စာရေးဆရာ ဘယ်သူဟု မပြော၊ သူပဲ စာရေးဆရာဖြစ်သလိုလို ထင်ရလောက်အောင် ဖတ်ပြသွားတတ်သည်။ ကျွန်တော်သည် ထိုစာများကို အလွန်သဘောကျပြီး “ထိုစာများကို ဆရာကိုယ်တိုင်ရေးတာလား”ဟု ထ မေး၏။ ဆရာသစ်သည် ကျွန်တော့်အမေးကို မဖြေဘဲ၊ ပြုံး၍သာနေလေသည်။ ပြီးတော့ အခြား ကောက်နုတ်ချက်များကို ဆက်ဖတ်သွားသည်။ သို့မဟုတ် အခြားစာများကို ဆက်သင်သွားလေ၏။
ဆရာသစ်ကိုယ်တိုင် ရေး ၊ မရေး ပြဿနာနှင့် ပတ်သက်၍ ယနေ့အထိ အဖြေမှန်ကို ကျွန်တော် မသိရပါ။
ဘာပဲဖြစ်ဖြစ် ဆရာသစ်သည် ကျွန်တော်တို့အား ဤသို့ ပြဠာန်းချက်တွင် မပါသော ဘေးပေါက်စာများကို သင်ကြားပေးခဲ့ခြင်းအားဖြင့် ကျွန်တော်တို့ကို မြန်မာစာ စကားပြေမှာ၎င်း၊ ဝတ္ထုမှာ၎င်း၊ များစွာစိတ်ဝင်စားပေ၏။
( Zawgyi )
{ဆရာသိန္းေဖျမင္႔ ငယ္စဥ္တြင္ ဆရာမ်ားမွ စာေပေရးသားနည္းစနစ္မ်ားကို
မည္ကဲ႔သို႔ သင္ၾကားေပးခဲ႔သည္ကို သိေစရန္အတြက္ ကူးယူေဖၚျပျခင္းျဖစ္ပါသည္။ }
ျမန္မာစာ ဆရာသစ္
၈တန္း မေရာက္မွီ
ျမန္မာမူလတန္းေက်ာင္းတြင္ ဆရာဥာဏ္က လည္းေကာင္း၊ ေနရွင္နယ္ေက်ာင္းတြင္ ဆရာၿမိဳင္ကလည္းေကာင္း၊
ဗုဒၶဘာသာေက်ာင္းတြင္ ဆရာတင္က လည္းေကာင္း၊ အျခားေသာဆရာ၊ ဆရာမမ်ားက လည္းေကာင္း ကၽြန္ေတာ႔ကို
အေျခခံေဝါဟာရမ်ား၊ သဒၵါႏွင္႔ စာစီစာကုံး အတိုကေလးေတြကို သင္ေပးလိုက္သည္။ ထိုအဆင္႔မွာ
စာအျဖစ္ ေရးတတ္ရုံသာရိွပါ၏။ သို႔ေသာ္ “စာအျဖစ္” ဟု ဆိုၿပီး ကၽြန္ေတာ္ အထင္မေသးပါ။ ထိုဆရာတို႔
သင္ေပးလိုက္ေသာ “စာအျဖစ္” သည္ အေျခခံ ျမန္မာစာေရးနည္း ေရးထုံးမ်ား ျဖစ္ပါ၏။
“စာအျဖစ္”က
ေနၿပီး “စာေပအျဖစ္” သို႔ တစ္ဆင္႔တက္ ေရးႏိုင္ရန္ အထူးသျဖင္႔ ရသစာေပအျဖစ္သို႔ တက္လွမ္းေရးသားႏိုင္ရန္၊
၈တန္း၊ ၉တန္း၊ ၁၀တန္းတို႔၌ စာေပအုတ္ျမစ္ခ်ခဲ႔ရသည္ဟု ကၽြန္ေတာ္ယူဆသည္။ ဆရာဟာရြန္းသည္
ထိုအုတ္ျမစ္ကို ခ်ေပးခဲ႔သည္။
ဗုဒၶဘာသာေက်ာင္း
အထက္တန္းမ်ားတြင္ ျမန္မာစာ သင္ၾကားေပးေသာ ဆရာသစ္ကလည္း ထိုသို႔ အုတ္ျမစ္ခ်ရာ၌ ပါဝင္ခဲ႔ေလသည္။
ဆရာသစ္သည္
ပ်ဳိ႕၊ ကဗ်ာလကၤာ စပ္ဟပ္ပုံမ်ားကို သင္ၾကားရင္း ေဒါသ၊ ရသမ်ားအေၾကာင္းကို ေဟာေျပာသည္။
ထိုစဥ္က ျမန္မာစာသင္ၾကားပုံမွာ ကဗ်ာလကၤာကို ဦးစားေပးသည္။ ပါဠိအလကၤာက်မ္းမ်ားမွ ေကာက္ႏုတ္ခ်က္မ်ားကို
မွီး၍၊ ျမန္မာကဗ်ာလကၤာတို႔ႏွင္႔ ဆီေလ်ာ္ေအာင္ခ်ဥ္းကပ္ကာ သင္ၾကားပို႔ခ်ျခင္းျဖစ္သည္။
စကားေျပ အေရးအသားကိုကား အထူးတလည္ သင္ၾကားပို႔ခ်ျခင္း မရိွေတာ႔ေခ်။
သို႔ေသာ္
ကဗ်ာလကၤာႏွင္႔ စပ္လ်ဥ္း၍ ဆရာသစ္ ေဟာေျပာေသာ ေဒါသ၊ ရသ၊ ဆန္း၊ အလကၤာ စသည္တို႔သည္ အခ်ည္းႏွီးမဟုတ္ပါ။
ကၽြန္ေတာ္တို႔ ျမန္မာစကားေျပေရးရာတြင္ အသုံးဝင္ပါသည္။ ေဒါသ၊ ရသတို႔သည္ ေရွာင္ရန္ႏွင္႔
ေဆာင္ရန္သေဘာပင္ ျဖစ္၏။ ထို႔ျပင္ ပါဠိစာေပႏွင္႔ ပါဠိ ကဗ်ာလကၤာတို႔မွ ရသတို႔ကို ေဖၚထုတ္ျပသျခင္းအားျဖင္႔
ကၽြန္ေတာ္တို႔မွာ ရသခံစားမႈ အတတ္ပညာ တိုးပြါးရ၏။ ရသခံစားမႈစိတ္ ပုံမွန္ျဖစ္ရ၏။ ဂရုဏာပြါးစရာရိွလွ်င္
ဂရုဏာပြါးတတ္မွ၊ ခ်စ္စရာရိွလွ်င္ ခ်စ္တတ္မွ၊ မုန္းစရာရိွလွ်င္ မုန္းတတ္မွ၊ ရဲစရာရိွလွ်င္
ရဲတတ္မွ၊ ေၾကာက္စရာရိွလွ်င္ ေၾကာက္တတ္မွ၊ ပုံမွန္စိတ္အေျခအေနရိွသည္။
ပုံမွန္စိတ္အေျခအေနကို
ပုံမွန္ရသခံစားမႈကေပးသည္။ ပကတိအရိွကို ျမင္ၿပီး ၾကည္လင္ေသာ ပကတိဥာဏ္ျဖင္႔ ေတြးေခၚျခင္း၊
ႀကံစည္ျခင္း၊ စိတ္ကူးျခင္းတို႔သည္ မရိွမျဖစ္သလို၊ ပကတိထက္ ေက်ာ္လြန္ၿပီး၊ တစ္ဆင္႔ႏွစ္ဆင္႔တက္ကာၾကည္႔ၿပီး၊
ကြန္႔ျမဴးေသာစိတ္ဓါတ္ (ဝါ) ကြန္႔ျမဴးေသာစိတ္ကူးဥာဏ္ျဖင္႔ အထူးေတြးေခၚျခင္း၊ အထူးႀကံစည္စိတ္ကူးျခင္း၊
(ဝါ) စိတ္ကူးယဥ္ျခင္းသည္လည္း စိတ္ဓါတ္ဖြံ႔ၿဖိဳးေရးအတြက္ အေရးႀကီးလွပါသည္။
ကၽြန္ေတာ္႔အဖို႔
မုံရြာဗုဒၶဘာသာေက်ာင္းတုန္းက သင္ၾကားေလ႔လာခဲ႔ရသည္႔ ရသအမ်ဳိးမ်ဳိး ခံစားမႈကိုေပးေသာ
ေဒါသ၊ ရသ၊ ဆန္း၊ အလကၤာ စသည္႔ စာေပအတတ္မ်ားသည္ အသုံးဝင္လွပါသည္။ ယင္းတို႔တြင္ ေခတ္ႏွင္႔
မေလ်ာ္ေသာကိစၥအမ်ားအျပားပါဝင္သည္မွာ အမွန္ျဖစ္ေသာ္လည္း၊ ယင္းတို႔ကို ေခတ္အခါႏွင္႔ ညီေအာင္
ျပဳျပင္သုတ္သင္၍ အသစ္တိုးပြါးေအာင္ ျပဳျပင္ရမည္မွာ အမွန္ပင္ ျဖစ္ေသာ္လည္း၊ ယင္းတို႔သည္
ျမန္မာစာေပ၏ အုတ္ျမစ္မ်ားျဖစ္ပါသည္။
ဆရာသစ္သည္
ကဗ်ာလကၤာ၊ ဆန္းလကၤာႏွင္႔ ေက်ာင္းသုံးစာအုပ္မ်ားကို သင္ၾကားရင္းက ကာလေပၚဝတၳဳမ်ားသို႔
ေရာက္သြားတတ္ေလသည္။ ထိုအခ်ိန္ကား နာမည္ေက်ာ္ ဆရာေတာ္ႀကီးမ်ားက ေခါင္းေဆာင္ၿပီး၊ ကာလေပၚဝတၳဳမ်ားကို
ရွဳံ႕ခ်ေနေသာအခါျဖစ္သည္။ ဆရာသစ္မွာ သားေရဖုံးႏွင္႔ ဖုံးထားေသာ ပညာ႔အလင္း၊ ဒဂုန္မဂၢဇင္း
စသည္တို႔ရိွသည္။ ၎တို႔အနက္ ဘယ္ကဗ်ာမွ ဘယ္လိုရိွသည္ဟု ေျပာရင္းမွ ဘယ္ဝတၳဳမွာ ဘယ္လိုေကာင္းတာပဲဟု
ဆြဲေျပာသြားတတ္သည္။ ၿပီးေတာ႔ သားေရဖုံး၊ ေရႊစာလုံးႏွင္႔ စာအုပ္ႀကီးထဲမွ ဝတၳဳမ်ားကို
အတန္းအား ဖတ္ျပေလေတာ႔သည္။ လူရုပ္သြင္သ႑ာန္ သရုပ္ေဖၚပုံေကာင္းသည္႔ ေကာက္ႏုတ္ခ်က္၊ ခ်စ္ခန္းေကာင္းသည္႔
ေကာက္ႏုတ္ခ်က္ စသည္ျဖင္႔
ဆရာသစ္သည္
ထိုစာမ်ားကို ဖတ္ျပရာ၌ စာေရးဆရာ ဘယ္သူဟု မေျပာ၊ သူပဲ စာေရးဆရာျဖစ္သလိုလို ထင္ရေလာက္ေအာင္
ဖတ္ျပသြားတတ္သည္။ ကၽြန္ေတာ္သည္ ထိုစာမ်ားကို အလြန္သေဘာက်ၿပီး “ထုိစာမ်ားကို ဆရာကိုယ္တုိင္ေရးတာလား”ဟု
ထ ေမး၏။ ဆရာသစ္သည္ ကၽြန္ေတာ္႔အေမးကို မေျဖဘဲ၊ ၿပံဳး၍သာေနေလသည္။ ၿပီးေတာ႔ အျခား ေကာက္ႏုတ္ခ်က္မ်ားကို
ဆက္ဖတ္သြားသည္။ သို႔မဟုတ္ အျခားစာမ်ားကို ဆက္သင္သြားေလ၏။
ဆရာသစ္ကိုယ္တိုင္
ေရး ၊ မေရး ျပႆနာႏွင္႔ ပတ္သက္၍ ယေန႔အထိ အေျဖမွန္ကို ကၽြန္ေတာ္ မသိရပါ။
ဘာပဲျဖစ္ျဖစ္
ဆရာသစ္သည္ ကၽြန္ေတာ္တို႔အား ဤသို႔ ျပဠာန္းခ်က္တြင္ မပါေသာ ေဘးေပါက္စာမ်ားကို သင္ၾကားေပးခဲ႔ျခင္းအားျဖင္႔
ကၽြန္ေတာ္တို႔ကို ျမန္မာစာ စကားေျပမွာ၎၊ ဝတၳဳမွာ၎၊ မ်ားစြာစိတ္ဝင္စားေပ၏။
No comments:
Post a Comment