Sunday, May 25, 2014

ပ်က္ယြင္းသြားေသာ ပုံရိပ္မ်ား



    လူဆိုတာ ေရွ႕ကလူ၊ပုခံုးေပၚမွာ ေနာက္လူက တက္ရပ္ရတာ ဟူေသာ စကားကို ၾကားဖူးပါတယ္။ ေရွ႕က မ်ိဳးဆက္ သို႔မဟုတ္ ေရွ႕မွလူမ်ား၏ လုပ္ေဆာင္ႀကိဳးစားခ်က္မ်ားကို မွီတည္၍ ေနာက္မ်ိဳးဆက္မ်ားက လုိက္ရသည္ ဟု ထင္ျမင္မိပါသည္။ ထုိစကားရပ္သည္ မိသားစုတစ္စု မွသည္။ ႏိုင္ငံ တစ္ႏိုင္ငံ ၊ လူသားမ်ိဳးဆက္ တစ္ခု လံုးအတြက္ မွန္ကန္သည္ ဟု ထင္မိပါသည္။ ဥပမာအားျဖင္႔ မိသားစုတစ္ခုကို ၾကည္႔ၾကပါစို႔။ ကိုယ္ပိုင္ စီးပြါးေရးလုပ္သည္႔ မိသားစုတစ္ခုတြင္ မိသားစု၀င္မ်ားသည္ ေရာင္း၀ယ္ျခင္း၊ မိတ္ေဆြအေပါင္းအသင္းရိွ ျခင္း၊ စသည္႔ အေတြ႕အႀကံဳမ်ားကို ေတြ႔ႀကံဳျပီးျဖစ္ေသာေႀကာင္႔ မိမိ၏ ေနာက္မ်ိဳးဆက္မ်ားသည္ ထိုအေတြ႕ အႀကံဳမ်ားေပၚတြင္ မူတည္၍ ေရွ႕သို႕တက္ႏိုင္ျပီျဖစ္သည္။ သို႔မဟုတ္ပဲ အခုမွ ကိုယ္ပိုင္စီးပြါးေရးကို စလုပ္ေသာ အခါ မိတ္ေဆြေကာင္းမရိွ၊ မစြန္႔စားရဲ၊ ရင္းႏွီးမွုမွား စသည္ မ်ားေတြ႔ႀကံဳ ရကာ တလည္လည္ျဖစ္ေနတတ္သည္။

    အေမ၊အေဖ ေကာင္းတို႔က အနစ္နာခံကာ ပညာေရးေကာင္းကို ေပးခဲ႔ ေသာေၾကာင္႔ သားသမီးတို႔သည္ ဘ၀တြင္ ေျဖာင္႔ျဖဴးခဲ႔ ရသည္။ အေမ၊ အေဖ တို႔က စည္းကမ္းစနစ္ အေမြေပးခဲ႔ေသာ ေၾကာင္႔ သားသမီးတို႔ ဘ၀တြင္ စနစ္တက်ျဖစ္ခဲ႔သည္။
    လူသားမ်ိဳးဆက္ အတြက္ဆိုလွ်င္လည္း ေရွ႕မွေန၍ လူသားမ်ိဳးဆက္အတြက္ လိုအပ္ေသာ အေျခအေနေကာင္း၊စနစ္ေကာင္းမ်ားကို မိမိတို႔ မခံစားႏိုင္ေတာ႔မွန္းသိေသာ္လည္း၊ အနစ္နာခံကာ တိုက္ခိုက္ ေဖၚေဆာင္ခဲ႔ႀကသည္။ ထို႔ေၾကာင္႔ ယေန႔ လူ႔အခြင္႔အေရးေၾကညာ စာတမ္း အတြက္ ႏွစ္ေပါင္းမ်ားစြာ အေကာင္အထည္ေဖၚခဲ႔သည္။
   သမာက်မ္းစာကို ဘာသာျပန္ခဲ႔ေသာ မာတင္လူသားကင္း ေၾကာင္႔ လူသန္းေပါင္းမ်ားစြာ ဘာသာေရးတြင္ လြတ္လပ္မွု ရခဲ႔ၾကသည္။ 

    ကၽြန္ေတာ္တို႔၏ ႏိုင္ငံ အနာဂါတ္ အတြက္ ေတြးၾကည္႔ေသာ အခါတြင္ကား အလြန္ရင္ေလးဖြယ္ရာ ျဖစ္သည္။ အဘယ္ေၾကာင္႔ ဆိုေသာ ေရွ႕မိ်ဳးဆက္မ်ားသည္ ႏိုင္ငံ၏ အေမြအႏွစ္သယံဇာတ မ်ားကို ေနာက္လာေနာက္သား အတြက္ မစဥ္းစားဘဲ ထုတ္ေရာင္းခဲ႔ၾကသည္။ ထုိအတူ ေရရွည္ အတြက္ အလြန္ အေရးႀကီးေသာ ပညာေရး၊တရားဥပေဒ စသည္႔ စနစ္မ်ားမွာ အားနည္းပါသည္။ 

     ရံုးတြင္ အလုပ္လုပ္ေသာ ေဖါင္တိန္ ကို သတ္သတ္ ထားကာ၊ကိုယ္ေရးကိုယ္တာ အတြက္ မသံုးေသာ အရာရိွမ်ား အေၾကာင္းကို စာတြင္ ဖတ္ရပါသည္။ သို႔ေသာ္ ယခုေခတ္တြင္ ေရာက္ေသာေနရာ ၊ရာထူးတြင္ မည္သို႔ အျမတ္ထုတ္ရမည္ ကို အရင္ စဥ္းစားေသာ အရာရိွမွာ အမ်ားစု ပင္ျဖစ္သည္။
      အေပ်ာ္ သေဘာရိွ ရမည္႔ ေဘာလံုးအားကစားကို အေလာင္းအစား၊အျမတ္အစြန္း လို သေဘာထားေသာ လူငယ္မ်ား၊ ႀကိဳးစားအားထုတ္မွုေႀကာင္႔ ခ်မ္းသာသည္ထက္ အဆက္အသြယ္ေကာင္း မ်ား၏ မစမွုေၾကာင္႔ ခ်မ္းသာသူမ်ား ေၾကာင္႔ ႏိုင္ငံ၏ ေနာက္မ်ိဳးဆက္ကို ေပးခဲ႔ ရန္ တြက္ ကၽြန္ေတာ္တို႔ မ်ိဳးဆက္ image သည္ မေကာင္းလွပါ။

     ထုိ႔ေၾကာင္႔ ျမန္မာ လူမ်ိဳးမ်ားသည္ လိုအပ္သည္ထတ္ ပို၍ ကံ ဟုတမ္းတကာ ပံုအပ္ေလ႔ ရိွပါသည္။ငယ္ရြယ္စဥ္ အခါက အေမရိကန္ရုပ္ရွင္မ်ားကို ၾကည္႔ကာ အလြန္အားက်ပါသည္။ ေအးေအးလူလူျဖင္႔ ေနခ်င္တိုင္းေနကာ ခ်မ္းသာေနၾကေသာေၾကာင္႔ ျဖစ္သည္။ သို႔ေသာ္ စာေပမ်ားကို ဖတ္ရွုရေသာ အခါ ရုပ္ရွင္မ်ားကဲ႔သို႔ မဟုတ္ပဲ ကမာၻေပၚတြင္ ေအာင္ျမင္ေသာ ႏိုင္ငံတိုင္းသည္ အလုပ္အလြန္ လုပ္ၾကေသာ ႏိုင္ငံ မ်ား ျဖစ္သည္ကို ေတြ႔ရိွရသည္။

     အထပ္ေပါင္းမ်ားစြာပါေသာ ကြန္ဒိုႀကီးကို ဖခင္ျဖစ္သူ ဘီလွ်ံနာ သူေဠးႀကီး ၀ါရင္ဘူေဖးမွ ပိုင္ဆိုင္ေသာ္လည္း သမီးျဖစ္သူက အခန္းတစ္ခန္း ကို ဖခင္ထံမွ ျပန္၀ယ္ေနရသည္။ ထိုအတြက္ အေၾကြးေက်ရန္ ေန႔စဥ္ ၁၃ နာရီ ခန္႔ အလုပ္လုပ္ရသည္။ 

     ကံေကာင္းကာ ခ်မ္းသာလာသည္ ဟုေျပာ၍ မရပါ။ထို႔ေႀကာင္႔ ကၽြန္ေတာ္တို႔သည္ ေနာင္မ်ိဳးဆက္မ်ားအတြက္ ကုန္သြားေသာ သယံဇာတမ်ားကို မေပးႏိုင္ေသာ္လည္း။ ေကာင္းမြန္ေသာ စနစ္၊ အလုပ္ႀကိဳးစားေသာ စိတ္ဓါတ္ တို႔ ကို အေမြေပးႏိုင္ရန္ ႀကိဳးစားသင္႔သည္။

တစ်ဦးချင်း တစ်ယောက်ချင်းမှ…(2)


ကျွန်တော်သည် ၉၆ ခုနှစ်အရေးအခင်းဖြစ်၍ တက္ကသိုလ်ကျောင်းများ ပိတ်ထားစဉ် မွေးမြူရေးလုပ်ငန်းတစ်ခုကို လုပ်ကိုင်ပါသည်။ ထိုစဉ်က အတူလက်တွဲခဲ့ဖူးသောလူတစ်ဦးမှာ နိုင်ငံရေးအမှုဖြင့် ထောင်ဒဏ်(၁၁)နှစ်ခန့် ကျခဲ့ဖူးသူဖြစ်ပါသည်။ ထိုသူ၏ ပြောဆိုပေါင်းသင်းဆက်ဆံရေးမှာ အလွန်ကောင်းပါသည်။ နိုင်ငံရေးစကားကိုလည်း များစွာပြောဆိုခြင်း မရှိပါ။ နောက်မှ သူ ပြောပြသောကြောင့် သူထောင်ဒဏ်များစွာ ကျခဲ့ဖူးကြောင်းသိရခြင်း ဖြစ်ပါသည်။ သူနှင့် စကားပြောဆိုခြင်းမှ ကျွန်တော့်အတွက် ပညာများစွာကို ရရှိခဲ့ပါသည်။ သူက ကျွန်တော့်ကို မေးခွန်းတစ်ခု မေးပါသည်။ “ ကိုယ်ကျင့်တရားဆိုတာ ဘာလဲ “ ဆိုသည့် မေးခွန်း ဖြစ်ပါသည်။ “ဒီမေးခွန်းကို အကိုးအကားမပါဘဲ မင်း ကိုယ်ပိုင်လက်ခံထားတဲ့ အမြင်တစ်ခု အနေနဲ့ ငါကို ဖြေပေးပါ။ ” လို့ မေးမြန်းပါသည်။ ကျွန်တော် ကောင်းစွာ မဖြေဆိုနိုင်ပါ။ ထို့နောက် သူက “ကိုယ်ကျင့်တရား ဆိုတာ ကိုယ် မခံနိုင်တာကို သူများကို သွားမလုပ်ဖို့ပါဘဲ။” လို့ သူက ပြောပါတယ်။ 

       ထို့အတူ နိုင်ငံရေးဆောင်ရွက်လှုပ်ရှားမှုများနှင့် ပတ်သက်သော အမြင်ကို ဆက်ပြောဖြစ်ကြပါသည်။  သူက ကျွန်တော့်ကို “ငါက အရင်တုန်းက အောင်မြင်တဲ့ရှေ့နေတစ်ယောက်လုပ်တယ်။ အရေးအခင်းဖြစ်တော့ ရှေ့နေများကောင်စီအတွင်းရေးမှူးလုပ်တယ်။ နောက်တော့ NLD ပါတီဝင်တယ်။ အဲဒါတွေအတွက် စုစုပေါင်းထောင်(၁၁)နှစ်ကြတယ်။ ငါ ဒီလို လုပ်ပေမဲ့ မင်းကို လုပ်ဖို့ မတိုက်တွန်းဘူး။ မဆွယ်ဘူး။ ငါ့ ယုံကြည်ချက်အတွက် ငါလုပ်တာ။ ငါ ပေးဆပ်နိုင်သလောက် ငါ လုပ်တာ။ အဲဒီတော့ မင်း ပေးဆပ်နိုင်သလောက် လုပ်ဖို့ပဲ ငါ မျှော်လင့်တယ်။ ဘယ်၍ ဘယ်မျှ မတိုက်တွန်းပါဘူး။ လက်ညှိုးလေးညွန်ပြီး နိုင်ငံရေးသမားကို ထောက်လှမ်းရေးတွေလက်ကနေ လွတ်အောင် ကူညီနိုင်ရင် လက်ညှိုးလေးပဲ ညွှန်ပေးပါ။ အဲဒီ ကိုယ်နိုင်သလောက် ဝန်လေးပဲ ထမ်းပေးပါ။ ” လို့ ကျွန်တော့်ကို ပြောဆိုခဲ့ဖူးပါတယ်။

        ထိုနည်းတူမှတ်သားလောက်သောစကားတစ်ခွန်းကို ဆရာကျော်ဝင်းကလဲ ပြောခဲ့ဖူးပါတယ်။ “ကျွန်တော်တို့ အခုလို စစ်အာဏာရှင်လက်အောက်ကို ကျရောက်နေတဲ့အတွက် ဘယ်သူ့ကြောင့်၊ ဘယ်ဝါ့ကြောင့်လို့ မပြောချင်ပါဘူး။ ကျွန်တော်တို့ အားလုံးမှာ ကိုယ်စီ ကိုယ်ငှ တာဝန်ရှိပါတယ်။” 

         ထိုနည်းတူ နိုင်ငံတစ်ခု၏ ပုံရိပ်သည် နိုင်ငံသားတိုင်း၏ အတွေးအခေါ်နှင့် လုပ်ရပ်များ၏ မမှတ်ကျောက်ပေါ်လွင်မှုအတိုင်းသာ ဖြစ်ပေလိမ့်မည်။ အစိတ်အပိုင်းလေးတိုင်း၏ အရည်အသွေးပြည့်မှီမှုသည် စက်တစ်ခုလုံးအပေါ်တွင် သက်ရောက်နေသောကြောင့် နိုင်ငံတစ်ခု၏ ပုံရိပ်သည်လည်း ကျွန်တော်တို့တစ်ဦးစီ၏ ပုံရိပ်များအပေါ်တွင် တည်မှီနေပါလိမ့်မည်။
          ထို့အတူ နိုင်ငံတစ်ခု၊ အဖွဲ့အစည်းတစ်ခု၏ အရည်အသွေးမှာ ထိုနိုင်ငံနှင့် အဖွဲ့အစည်းတွင် ပါဝင်သောလူတို့၏ အရည်အသွေးပြည့်ဝမှုအပေါ်တွင် များစွာတည်မှီနေပါသည်။ တစ်ဦးတစ်ယောက်ချင်း၏ အရည်အသွေးပုံရိပ်သည် နိုင်ငံ၏ပုံရိပ်အဖြစ်ရောက်ရှိလာမည်ဖြစ်သောကြောင့် ကျွန်တော်တို့တစ်ဦးချင်း မိမိတို့ပုံရိပ်များ ကောင်းမွန်စေရန်တာဝန်ယူမည်ဆိုလျှင်…

(ကျွန်တော့်ရဲ့ အတွေးလေးမျှဝေပေးထားခြင်း ဖြစ်ပါတယ်။ )                           

( Zawgyi )
      ကၽြန္ေတာ္သည္ ၉၆ ခုႏွစ္အေရးအခင္းျဖစ္၍ တကၠသိုလ္ေက်ာင္းမ်ား ပိတ္ထားစဥ္ ေမြးျမဴေရးလုပ္ငန္းတစ္ခုကို လုပ္ကိုင္ပါသည္။ ထိုစဥ္က အတူလက္တြဲခဲ႔ဖူးေသာလူတစ္ဦးမွာ ႏိုင္ငံေရးအမႈျဖင္႔ ေထာင္ဒဏ္(၁၁)ႏွစ္ခန္႔ က်ခဲ႔ဖူးသူျဖစ္ပါသည္။ ထိုသူ၏ ေျပာဆိုေပါင္းသင္းဆက္ဆံေရးမွာ အလြန္ေကာင္းပါသည္။ ႏိုင္ငံေရးစကားကိုလည္း မ်ားစြာေျပာဆိုျခင္း မရိွပါ။ ေနာက္မွ သူ ေျပာျပေသာေၾကာင္႔ သူေထာင္ဒဏ္မ်ားစြာ က်ခဲ႔ဖူးေၾကာင္းသိရျခင္း ျဖစ္ပါသည္။ သူႏွင္႔ စကားေျပာဆိုျခင္းမွ ကၽြန္ေတာ္႔အတြက္ ပညာမ်ားစြာကို ရရိွခဲ႔ပါသည္။ သူက ကၽြန္ေတာ္႔ကို ေမးခြန္းတစ္ခု ေမးပါသည္။ “ ကိုယ္က်င္႔တရားဆိုတာ ဘာလဲ “ ဆိုသည္႔ ေမးခြန္း ျဖစ္ပါသည္။ “ဒီေမးခြန္းကို အကိုးအကားမပါဘဲ မင္း ကိုယ္ပိုင္လက္ခံထားတဲ႔ အျမင္တစ္ခု အေနနဲ႔ ငါကို ေျဖေပးပါ။ ” လို႔ ေမးျမန္းပါသည္။ ကၽြန္ေတာ္ ေကာင္းစြာ မေျဖဆိုႏိုင္ပါ။ ထို႔ေနာက္ သူက “ကိုယ္က်င္႔တရား ဆိုတာ ကိုယ္ မခံႏိုင္တာကို သူမ်ားကို သြားမလုပ္ဖို႔ပါဘဲ။” လို႔ သူက ေျပာပါတယ္။ 

       ထို႔အတူ ႏိုင္ငံေရးေဆာင္ရြက္လႈပ္ရွားမႈမ်ားႏွင္႔ ပတ္သက္ေသာ အျမင္ကို ဆက္ေျပာျဖစ္ၾကပါသည္။  သူက ကၽြန္ေတာ္႔ကို “ငါက အရင္တုန္းက ေအာင္ျမင္တဲ႔ေရွ႕ေနတစ္ေယာက္လုပ္တယ္။ အေရးအခင္းျဖစ္ေတာ႔ ေရွ႕ေနမ်ားေကာင္စီအတြင္းေရးမွဴးလုပ္တယ္။ ေနာက္ေတာ႔ NLD ပါတီဝင္တယ္။ အဲဒါေတြအတြက္ စုစုေပါင္းေထာင္(၁၁)ႏွစ္ၾကတယ္။ ငါ ဒီလို လုပ္ေပမဲ႔ မင္းကို လုပ္ဖို႔ မတိုက္တြန္းဘူး။ မဆြယ္ဘူး။ ငါ႔ ယံုၾကည္ခ်က္အတြက္ ငါလုပ္တာ။ ငါ ေပးဆပ္ႏိုင္သေလာက္ ငါ လုပ္တာ။ အဲဒီေတာ႔ မင္း ေပးဆပ္ႏိုင္သေလာက္ လုပ္ဖို႔ပဲ ငါ ေမွ်ာ္လင္႔တယ္။ ဘယ္၍ ဘယ္မွ် မတိုက္တြန္းပါဘူး။ လက္ညိွဳးေလးညြန္ၿပီး ႏိုင္ငံေရးသမားကို ေထာက္လွမ္းေရးေတြလက္ကေန လြတ္ေအာင္ ကူညီႏိုင္ရင္ လက္ညွိဳးေလးပဲ ညႊန္ေပးပါ။ အဲဒီ ကိုယ္ႏိုင္သေလာက္ ဝန္ေလးပဲ ထမ္းေပးပါ။ ” လို႔ ကၽြန္ေတာ္႔ကို ေျပာဆိုခဲ႔ဖူးပါတယ္။

        ထိုနည္းတူမွတ္သားေလာက္ေသာစကားတစ္ခြန္းကို ဆရာေက်ာ္ဝင္းကလဲ ေျပာခဲ႔ဖူးပါတယ္။ “ကၽြန္ေတာ္တို႔ အခုလို စစ္အာဏာရွင္လက္ေအာက္ကို က်ေရာက္ေနတဲ႔အတြက္ ဘယ္သူ႔ေၾကာင္႔၊ ဘယ္ဝါ႔ေၾကာင္႔လို႔ မေျပာခ်င္ပါဘူး။ ကၽြန္ေတာ္တို႔ အားလုံးမွာ ကိုယ္စီ ကုိယ္ငွ တာဝန္ရိွပါတယ္။” 

         ထိုနည္းတူ ႏိုင္ငံတစ္ခု၏ ပုံရိပ္သည္ ႏိုင္ငံသားတိုင္း၏ အေတြးအေခၚႏွင္႔ လုပ္ရပ္မ်ား၏ မမွတ္ေက်ာက္ေပၚလြင္မႈအတိုင္းသာ ျဖစ္ေပလိမ္႔မည္။ အစိတ္အပိုင္းေလးတိုင္း၏ အရည္အေသြးျပည္႔မီွမႈသည္ စက္တစ္ခုလုံးအေပၚတြင္ သက္ေရာက္ေနေသာေၾကာင္႔ ႏိုင္ငံတစ္ခု၏ ပုံရိပ္သည္လည္း ကၽြန္ေတာ္တို႔တစ္ဦးစီ၏ ပုံရိပ္မ်ားအေပၚတြင္ တည္မွီေနပါလိမ္႔မည္။
          ထို႔အတူ ႏိုင္ငံတစ္ခု၊ အဖြဲ႔အစည္းတစ္ခု၏ အရည္အေသြးမွာ ထိုႏိုင္ငံႏွင္႔ အဖြဲ႔အစည္းတြင္ ပါဝင္ေသာလူတို႔၏ အရည္အေသြးျပည္႔ဝမႈအေပၚတြင္ မ်ားစြာတည္မွီေနပါသည္။ တစ္ဦးတစ္ေယာက္ခ်င္း၏ အရည္အေသြးပုံရိပ္သည္ ႏိုင္ငံ၏ပံုရိပ္အျဖစ္ေရာက္ရိွလာမည္ျဖစ္ေသာေၾကာင္႔ ကၽြန္ေတာ္တို႔တစ္ဦးခ်င္း မိမိတို႔ပုံရိပ္မ်ား ေကာင္းမြန္ေစရန္တာဝန္ယူမည္ဆိုလွ်င္…

(ကၽြန္ေတာ႔္ရဲ႕ အေတြးေလးမွ်ေဝေပးထားျခင္း ျဖစ္ပါတယ္။ )                           

တစ်ဦးချင်း တစ်ယောက်ချင်းမှ…(1)


 တခါကအင်တာဗျူးတစ်ခုတွင် ဆရာအောင်မောင်းက ပါမောက္ခဒေါက်တာဒေါ်ခင်စန်းရီးကို မေးခွန်းတစ်ခုမေးပါသည်။ မေးခွန်းမှာ …ဂျပန်ပြည်မှ စက်ပစ္စည်းများကို တရုတ်ပြည်သို့ ပို့၍ တရုတ်လုပ်သားများနှင့် ထုတ်လုပ်စေပါက၊ မူလဂျပန်ပြည်တွင် ထုတ်လုပ်သည့်အတိုင်း ကုန်ချော ပစ္စည်းအရည်အသွေးကောင်းမွန်ပါမည်လား…. ဆိုသည့် မေးခွန်းပင် ဖြစ်သည်။ ထိုမေးခွန်းကို ဆရာမကြီးက မတူညီနိုင်ပါဟု ပြန်ဖြေပါသည်။ အဘယ်ကြောင့်ဆိုသော် စက်ပစ္စည်းများတူညီသော်လည်း၊ လုပ်သားများ၏ အရည်အသွေးသည် မတူညီကွာခြားသောကြောင့် ဖြစ်ပါသည်။ ပစ္စည်းများကို ထုတ်လုပ်ရာတွင် စက်တစ်ခုထဲမှ ထုတ်လုပ်သည် မှန်သော်လည်း၊ ထွက်ရှိလာသည့် ပစ္စည်းအားလုံး၏ အတိုင်းအတာ၊ အရည်အသွေးသည် တူညီမှုမရှိပါ။ စက်တစ်ခုတွင် ထိန်းညှိသောစနစ်များကို ကိုင်တွယ်နေသူ၏ အရည်အသွေး  နှင့် ဂရုစိုက်မှုအပေါ်တွင် များစွာ မူတည်ပါသည်။ 

          ထိုစက်ရုံ၏ အရည်အသွေးကို စီမံခန့်ခွဲသော စနစ်ကွာခြားသလို ပစ္စည်း၏ အရည်အသွေးလည်း ကွာခြားနိုင်ပါသည်။ အလုပ်သမားတစ်ဦးစီ၏ မိမိအလုပ်နှင့်ပတ်သက်၍ တာဝန်ယူမှု၊ ဂရုစိုက်မှု အပေါ်တွင်လည်း မူတည်ပါသည်။ ဂျပန်ပြည်ရှိ အလုပ်သမားတို့၏ အလုပ်ကြိုးစားသောစိတ်ဓါတ်၊ တာဝန်ယူသောစိတ်ဓါတ်တို့ကြောင့် အရည်အသွေးကောင်းမွန်သောပစ္စည်းများ ထုတ်လုပ်နိုင်ခြင်း ဖြစ်သည်။ 

          အစ္စရေးနိုင်ငံသည် စတင်ထူထောင်ခဲ့စဉ်ကာလက အလွန်ခက်ခဲကြမ်းတမ်းခဲ့ပါသည်။ အိမ်နီးချင်းနိုင်ငံများသည် ရန်ဘက်နိုင်ငံများအဖြစ် ဝန်းရံလျှက်ရှိပါသည်။ နိုင်ငံအသစ်တွင် အစစအရာရာ ချို့တဲ့ပြီး၊ တိုက်ပွဲပေါင်းများစွာကို တိုက်ခိုက်နေခဲ့ရပါသည်။ အဝေးနိုင်ငံတို့တွင် ပြန့်ကျဲနေသောဂျူးလူမျိုးတို့သည် ထူထောင်ကာစနိုင်ငံအသစ်သို့ ပြန်လည်ဝင်ရောက်ကာ၊ နိုင်ငံတည်ဆောက်ရေးများကို လုပ်ကိုင်ကြပါသည်။ အဝေးနိုင်ငံတို့တွင် အတည်တကျအလုပ်အကိုင်ကောင်းတို့ဖြင့် အဆင်ပြေနေသောသူတို့သည် အစ္စရေးနိုင်ငံသစ်တွင် အလုပ်မရွေးပဲ၊ သင့်တော်သောအလုပ်ကို လုပ်ကိုင်ကြရပါသည်။ အမေရိကန်နိုင်ငံရှိ သံစုံတီးဝိုင်းကြီးရှိ တယောပညာရှင်က အစ္စရေးနိုင်ငံသစ်တွင် လက်လုပ်လက်ပစ်ဗုံးကို စနစ်တံကျပ်သည် အလုပ်ကို လုပ်ပေးခဲ့သည်။ စနစ်တံကျပ်သည့် လက်အချိန်အဆသည် အလွန်အရေးကြီးပါသည်။ အချိန်အဆလိုလျှင် သတ်မှတ်ထားသောအချိန်အတိုင်းအတာ မရောက်မှီပေါက်ကွဲပါက ပေါက်ကွဲမှုသည် မထိရောက်ပါ။ အချိန်အဆသည် လိုအပ်သည်ထက်များသွားလျှင် အချိန်ကျော်လွန်သွားမှ ပေါက်ကွဲခြင်း ဖြစ်ပါလိမ့်မည်။ 

          ထိုသို့ လက်ပစ်ဗုံးစနစ်တံကျပ်ခြင်းကို လုပ်ကိုင်စဉ်အတွင်း လက်ပစ်ဗုံးသည် ပေါက်ကွဲနိုင်ပါသည်။ ထိုသို့အန္တရာယ်များပြီး အသက်နှင့်ရင်းနှီးရသောအလုပ်ကို တယောပညာရှင်က လုပ်ကိုင်သည်မှာ သူ၏ နိုင်ငံအပေါ်ထားရှိသည့် မျိုးချစ်စိတ်ဓါတ်ကို ပြသခြင်းဖြစ်သည်။ 

          စက်ပစ္စည်းအစိတ်အပိုင်းတစ်ခုတွင် ကုန်ကြမ်းအဆင့်မှ အပြီးသတ်ထုတ်လုပ်မှုအဆင်သို့ မရောက်မှီအဆင့်ပေါင်းများစွာ ဖြတ်သန်းရပါသည်။ အဆင့်တစ်ဆင့်တွင် သတ်မှတ်ထားချက်များကို အရည်အသွေးပြည့်မှီမှ နောက်တစ်ဆင့်သို့ ကူးပြောင်းရပါသည်။ အဆင့်တစ်နေရာတွင် အရည်အသွေး မပြည့်ဝလျှင် နောက်အဆင့်နေရာများတွင်လည်း အရည်အသွေးမပြည့်ဝနိုင်တော့ပါ။ စက်ပစ္စည်းတစ်ခုတွင် စက်အစိတ်အပိုင်းတစ်ခု ချို့ယွင်းအရည်အသွေး မပြည့်မှီလျှင် စက်တစ်ခုလုံး၏ အရည်အသွေးသည် ကျဆင်းသွားပါလိမ့်မည်။ ဆိုလိုသည်မှာ စက်တစ်ခု၏အရည်အသွေးသည် ထိုစက်တွင်ပါဝင်သောအစိတ် အပိုင်းများ၏ အရည်အသွေးအပေါ်တွင် မူတည်ပါသည်။ အစိတ်အပိုင်းတို့၏ အရည်အသွေးသည်လည်း ထုတ်လုပ်မှုတိုင်း၊ အဆင့်တိုင်းအတွက် သတ်မှတ်ချက်များကို ပြည့်မှီရမည်ဖြစ်သည်။

         တရုတ်နိုင်ငံတွင် တည်ဆောက်သောသင်္ဘောတို့ရှိ ပိုက်လိုင်းစနစ်များတွင် ပါဝင်သောပိုက်လိုင်းများ၏ အဆက်များသည် လူမြင်ရန် မလွယ်ကူသောနေရာများတွင် သုံးရမည်ဘို့နှင့် နပ်လေးလုံးရှိလျှင် သုံးလုံးသာတပ်ထားပါသည်။ ထိုသုံးလုံးတွင် တကယ်တမ်း ကျပ်အောင်တိုက်ထားသည့်အလုံးမှာ နှစ်လုံးသာဖြစ်ပါသည်။ နပ်( nuts) တစ်လုံးကို မည်မျှခိုင်အောင် ကျပ်ထားသနည်းဟူသော မေးခွန်း၏ အဖြေကို ထိုအလုပ်သမားကိုယ်တိုင်သာ ဖြေနိုင်ပါလိမ့်မည်။ သို့သော် ကျွန်တော်တို့ကဲ့သို့ နိုင်ငံြ့ခားသားများအမြင်တွင် ထိုအလုပ်သမား၏ လုပ်ရပ်သည် တရုတ်နိုင်ငံအလုပ်သမားထု၏ လုပ်ရပ်ကဲ့သို့ ထင်မြင်မိပါသည်။
( Zawgyi ) 
       တခါကအင္တာဗ်ဴးတစ္ခုတြင္ ဆရာေအာင္ေမာင္းက ပါေမာကၡေဒါက္တာေဒၚခင္စန္းရီးကို ေမးခြန္းတစ္ခုေမးပါသည္။ ေမးခြန္းမွာ …ဂ်ပန္ျပည္မွ စက္ပစၥည္းမ်ားကို တရုတ္ျပည္သို႔ ပို႔၍ တရုတ္လုပ္သားမ်ားႏွင္႔ ထုတ္လုပ္ေစပါက၊ မူလဂ်ပန္ျပည္တြင္ ထုတ္လုပ္သည္႔အတိုင္း ကုန္ေခ်ာ ပစၥည္းအရည္အေသြးေကာင္းမြန္ပါမည္လား…. ဆိုသည္႔ ေမးခြန္းပင္ ျဖစ္သည္။ ထိုေမးခြန္းကို ဆရာမႀကီးက မတူညီႏိုင္ပါဟု ျပန္ေျဖပါသည္။ အဘယ္ေၾကာင္႔ဆိုေသာ္ စက္ပစၥည္းမ်ားတူညီေသာ္လည္း၊ လုပ္သားမ်ား၏ အရည္အေသြးသည္ မတူညီကြာျခားေသာေၾကာင္႔ ျဖစ္ပါသည္။ ပစၥည္းမ်ားကို ထုတ္လုပ္ရာတြင္ စက္တစ္ခုထဲမွ ထုတ္လုပ္သည္ မွန္ေသာ္လည္း၊ ထြက္ရိွလာသည္႔ ပစၥည္းအားလုံး၏ အတိုင္းအတာ၊ အရည္အေသြးသည္ တူညီမႈမရိွပါ။ စက္တစ္ခုတြင္ ထိန္းညိွေသာစနစ္မ်ားကို ကိုင္တြယ္ေနသူ၏ အရည္အေသြး  ႏွင္႔ ဂရုစိုက္မႈအေပၚတြင္ မ်ားစြာ မူတည္ပါသည္။ 

          ထိုစက္ရုံ၏ အရည္အေသြးကို စီမံခန္႔ခြဲေသာ စနစ္ကြာျခားသလို ပစၥည္း၏ အရည္အေသြးလည္း ကြာျခားႏိုင္ပါသည္။ အလုပ္သမားတစ္ဦးစီ၏ မိမိအလုပ္ႏွင္႔ပတ္သက္၍ တာဝန္ယူမႈ၊ ဂရုစိုက္မႈ အေပၚတြင္လည္း မူတည္ပါသည္။ ဂ်ပန္ျပည္ရိွ အလုပ္သမားတို႔၏ အလုပ္ႀကိဳးစားေသာစိတ္ဓါတ္၊ တာဝန္ယူေသာစိတ္ဓါတ္တို႔ေၾကာင္႔ အရည္အေသြးေကာင္းမြန္ေသာပစၥည္းမ်ား ထုတ္လုပ္ႏိုင္ျခင္း ျဖစ္သည္။ 

          အစၥေရးႏိုင္ငံသည္ စတင္ထူေထာင္ခဲ႔စဥ္ကာလက အလြန္ခက္ခဲၾကမ္းတမ္းခဲ႔ပါသည္။ အိမ္နီးခ်င္းႏိုင္ငံမ်ားသည္ ရန္ဘက္ႏိုင္ငံမ်ားအျဖစ္ ဝန္းရံလွ်က္ရိွပါသည္။ ႏိုင္ငံအသစ္တြင္ အစစအရာရာ ခ်ိဳ႕တဲ႔ၿပီး၊ တိုက္ပြဲေပါင္းမ်ားစြာကို တိုက္ခိုက္ေနခဲ႔ရပါသည္။ အေဝးႏိုင္ငံတို႔တြင္ ျပန္႔က်ဲေနေသာဂ်ဴးလူမ်ဳိးတို႔သည္ ထူေထာင္ကာစႏိုင္ငံအသစ္သို႔ ျပန္လည္ဝင္ေရာက္ကာ၊ ႏိုင္ငံတည္ေဆာက္ေရးမ်ားကို လုပ္ကိုင္ၾကပါသည္။ အေဝးႏိုင္ငံတို႔တြင္ အတည္တက်အလုပ္အကိုင္ေကာင္းတို႔ျဖင္႔ အဆင္ေျပေနေသာသူတို႔သည္ အစၥေရးႏိုင္ငံသစ္တြင္ အလုပ္မေရြးပဲ၊ သင္႔ေတာ္ေသာအလုပ္ကို လုပ္ကိုင္ၾကရပါသည္။ အေမရိကန္ႏိုင္ငံရိွ သံစုံတီးဝိုင္းႀကီးရိွ တေယာပညာရွင္က အစၥေရးႏိုင္ငံသစ္တြင္ လက္လုပ္လက္ပစ္ဗုံးကို စနစ္တံက်ပ္သည္ အလုပ္ကို လုပ္ေပးခဲ႔သည္။ စနစ္တံက်ပ္သည္႔ လက္အခ်ိန္အဆသည္ အလြန္အေရးႀကီးပါသည္။ အခ်ိန္အဆလိုလွ်င္ သတ္မွတ္ထားေသာအခ်ိန္အတိုင္းအတာ မေရာက္မွီေပါက္ကြဲပါက ေပါက္ကြဲမႈသည္ မထိေရာက္ပါ။ အခ်ိန္အဆသည္ လိုအပ္သည္ထက္မ်ားသြားလွ်င္ အခ်ိန္ေက်ာ္လြန္သြားမွ ေပါက္ကြဲျခင္း ျဖစ္ပါလိမ္႔မည္။ 

          ထိုသို႔ လက္ပစ္ဗုံးစနစ္တံက်ပ္ျခင္းကို လုပ္ကိုင္စဥ္အတြင္း လက္ပစ္ဗုံးသည္ ေပါက္ကြဲႏိုင္ပါသည္။ ထိုသို႔အႏၱရာယ္မ်ားၿပီး အသက္ႏွင္႔ရင္းႏွီးရေသာအလုပ္ကို တေယာပညာရွင္က လုပ္ကိုင္သည္မွာ သူ၏ ႏိုင္ငံအေပၚထားရိွသည္႔ မ်ဳိးခ်စ္စိတ္ဓါတ္ကို ျပသျခင္းျဖစ္သည္။ 

          စက္ပစၥည္းအစိတ္အပိုင္းတစ္ခုတြင္ ကုန္ၾကမ္းအဆင္႔မွ အၿပီးသတ္ထုတ္လုပ္မႈအဆင္သို႔ မေရာက္မွီအဆင္႔ေပါင္းမ်ားစြာ ျဖတ္သန္းရပါသည္။ အဆင္႔တစ္ဆင္႔တြင္ သတ္မွတ္ထားခ်က္မ်ားကို အရည္အေသြးျပည္႔မွီမွ ေနာက္တစ္ဆင္႔သို႔ ကူးေျပာင္းရပါသည္။ အဆင္႔တစ္ေနရာတြင္ အရည္အေသြး မျပည္႔ဝလွ်င္ ေနာက္အဆင္႔ေနရာမ်ားတြင္လည္း အရည္အေသြးမျပည္႔ဝႏိုင္ေတာ႔ပါ။ စက္ပစၥည္းတစ္ခုတြင္ စက္အစိတ္အပိုင္းတစ္ခု ခ်ဳိ႕ယြင္းအရည္အေသြး မျပည္႔မွီလွ်င္ စက္တစ္ခုလုံး၏ အရည္အေသြးသည္ က်ဆင္းသြားပါလိမ္႔မည္။ ဆိုလိုသည္မွာ စက္တစ္ခု၏အရည္အေသြးသည္ ထိုစက္တြင္ပါဝင္ေသာအစိတ္ အပိုင္းမ်ား၏ အရည္အေသြးအေပၚတြင္ မူတည္ပါသည္။ အစိတ္အပိုင္းတို႔၏ အရည္အေသြးသည္လည္း ထုတ္လုပ္မႈတိုင္း၊ အဆင္႔တိုင္းအတြက္ သတ္မွတ္ခ်က္မ်ားကို ျပည္႔မွီရမည္ျဖစ္သည္။

         တရုတ္ႏိုင္ငံတြင္ တည္ေဆာက္ေသာသေဘၤာတို႔ရိွ ပိုက္လိုင္းစနစ္မ်ားတြင္ ပါဝင္ေသာပိုက္လိုင္းမ်ား၏ အဆက္မ်ားသည္ လူျမင္ရန္ မလြယ္ကူေသာေနရာမ်ားတြင္ သုံးရမည္ဘို႔ႏွင္႔ နပ္ေလးလုံးရိွလွ်င္ သုံးလုံးသာတပ္ထားပါသည္။ ထိုသုံးလုံးတြင္ တကယ္တမ္း က်ပ္ေအာင္တိုက္ထားသည္႔အလုံးမွာ ႏွစ္လုံးသာျဖစ္ပါသည္။ နပ္( nuts) တစ္လုံးကို မည္မွ်ခိုင္ေအာင္ က်ပ္ထားသနည္းဟူေသာ ေမးခြန္း၏ အေျဖကို ထိုအလုပ္သမားကိုယ္တိုင္သာ ေျဖႏိုင္ပါလိမ္႔မည္။ သို႔ေသာ္ ကၽြန္ေတာ္တို႔ကဲ႔သို႔ ႏိုင္ငံျ့ခားသားမ်ားအျမင္တြင္ ထိုအလုပ္သမား၏ လုပ္ရပ္သည္ တရုတ္ႏိုင္ငံအလုပ္သမားထု၏ လုပ္ရပ္ကဲ႕သို႔ ထင္ျမင္မိပါသည္။

Wednesday, May 21, 2014

လူတိုင်း ထည့်ဝင် ပေးကြပါခင်ဗျာ ( 2 )


 အစိုးရက ကျင်းပတဲ့ ဓမ္မာစရိယစာမေးပွဲ ဆိုတာက ဒီအသင်းကြီး နှစ်ခု ထက် နောက်ကျပါတယ်။ အခုအသင်းကြီးနှစ်ခုက ဓမ္မာစရိယဘွဲ့ရပြီးတဲ့ ရဟန်းတော်တွေဆိုရင် ရဟန်းအချင်းချင်း စာတတ်တယ် ဆိုပြီး လေးစားကြတာပါ။ စာစစ်အဖြေလွှာတိုင်းရဲ့ ပထမဆုံးစာမျက်နှာ အပေါ်ဆုံးမှာ ခုံနံပါတ်တပ်ဖို့ ကွက်လပ်ပေးထားပါတယ်။ ကွက်လပ်ထဲမှာ ခုံနံပါတ်က လွဲလို့ အခြားဘာမှ ရေးခွင့် မရှိပါဘူး။ အဲဒီကွက်လပ်ရဲ့အောက်မှာ စာရွက်ကို အလွယ်တကူ ဆွဲဖြဲလို့ရအောင်း အပ်ပေါက်စက်နဲ့ အပေါက်တွေ စီပြီး၊ ဖေါက်လိုက်ပါတယ်။ ပြီးတော့ ထိုကွက်လပ်အတွင်းနဲ့ ကွက်လပ်အပြင်ကို လျှို့ဝှက်ဂဏန်းတစ်ခု ရိုက်ပါတယ်။ ကွက်လပ်အတွင်းမှာ ၈၆၆ ဆိုတဲ့ ဂဏန်းကို ရိုက်လိုက်ရင်၊ ကွက်လပ်အပြင်မှာလဲ ၈၆၆ ဆိုတဲ့ ဂဏန်းကို ရိုက်လိုက်တာပါ။ 

          နောက်ပြီးမှ အပ်ပေါက်ဖေါက်ထားတဲ့ ကွက်လပ်ပါတဲ့ အခြမ်းကို ဖြဲထုတ်လိုက်ပါတယ်။ အဲဒီကွက်လပ်ထဲမှာ ခုံနံပါတ်ရေးထားပါတယ်။ အဲဒီအပိုင်းကို မီးခံသေတ္တာထဲကို ထည့်သိမ်းထားတာပါ။ နောက်ဆုံးစာစစ်လို့ ပြီးမှ အဲဒီအပိုင်းနဲ့ ကျန်တဲ့ အဖြေလွှာအပိုင်းကို ပြန်ပေါင်းတာပါ။ ပြန်ပေါင်းတဲ့အခါ လျှို့ဝှက်နံပါတ်တွေရဲ့ အကူအညီနဲ့ပါ။ ဥပမာ… ကွက်လပ်ပါတဲ့အခြမ်းက ၈၆၆ ဆိုရင် အခြားအခြမ်းက ၈၆၆ နဲ့ ပြန်ဆက်ပေးလိုက်တာပါ။ 

          အဲဒီတော့ စာစစ်နေစဉ်အတွင်း ဘယ်ခုံနံပါတ်ဆိုတာကို သိခွင့်မရပါဘူး။ နောက်ဆုံး အပိုင်းနှစ်ခုပြန်ပေါင်းမှ ခုံနံပါတ်တွေ ပေါ်လာတာပါ။ အဲဒီအခါ စာစစ်မှုက ပြီးဆုံးသွားပြီ ဖြစ်လို့ အမှတ်ပိုပေးလို့မရ၊ လျှော့ပေးလို့မရတော့ပါဘူး။ ထိုစာစစ်တဲ့ နည်းတူ စာမေးပွဲ မေးခွန်းထုတ်မဲ့ ဘုန်းကြီးတွေကိုလဲ အသင်းက ဘယ်ဘာသာရပ်ကို ဘယ်ဆရာတော်မေးခွန်းထုတ်မယ်ဆိုတာကို ကြိုတင် မပြောပါဘူး။ မေးခွန်းထုတ်ချိန်ရောက်မှ ဆရာတော်တွေကို သွားပင့်တာပါ။ မေးခွန်းထုတ်ပြီး သည်မှ စာမေးပွဲဖြေပြီးသည်အထိ ဆရာတော်ကို ကျောင်းကို မပြန်ခိုင်းတော့ပါဘူး။ အဲဒီလို တင်းကျပ်ခဲ့တာပါ။ အခု ပြောပြတဲ့ လုပ်ဆောင်ကြပုံတွေကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ခန့်က လုပ်ကိုင်ပုံတွေပါ။ အခုတော့ အဘယ်ကဲ့သို့ ဆောင်ရွက်ကြသလဲ ဆိုတာ အသေးစိတ် မသိပါဘူး။ တင်းကျပ်တဲ့ စည်းကမ်းနဲ့ လုပ်ပုံကိုင်ပုံတွေကို လျှောပေးကြမယ်တော့ မထင်ပါဘူး ။ အဲဒါကြောင့် သီဟိုဌ်ပြည်သွားပြီး ဒေါက်တာဘွဲ့ ယူလာတဲ့ ရဟန်းတွေ နှင့် နှိုင်းယှဉ်လိုက်လျှင်၊ ထို အဖွဲ့အစည်းနှစ်ခုမှ အောင်မြင်တဲ့ ရဟန်းတော်တွေကို ပိုပြီးလေးစားကြပါတယ် ။ ရဟန်းတော် အချင်းချင်းကို လေးစားကြတာပါ။ 

          အဲဒီလို အဖွဲ့အစည်းကြီးတွေ ကျွန်တော်တို့နိုင်ငံမှာ အောင်မြင်ခဲ့တာပါ။ ကျွန်တော်တို့နိုင်ငံရဲ့ ဒီလိုတင်းကျပ်ပြီး၊ စည်းကမ်းရှိတဲ့ သံဃာအဖွဲ့အစည်းတွေက မြန်မာနိုင်ငံပညာရေးကို ကျောထောက်နောက်ခံပြုခဲ့ဖူးပါတယ်။ အဲဒီလို ကောင်းမွန်တဲ့အစဉ်အလာတွေရှိခဲ့ရဲ့သားနဲ့ ကျွန်တော်တို့ခေတ်ရောက်မှ ညံ့ကြတော့မှာလား။ ပညာရေးဆိုတာကို လိုအပ်ရင် ပြင်ပမှ တင်သွင်းရပါမယ်။ နိုင်ငံခြားကို ပညာသင်တွေသွားရပါမယ်။ အဲဒါတွေကို အပြစ်ပြောနေတာ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံရဲ့ ကောင်းမွန်တဲ့အစဉ်အလာတွေကို သိရှိသလောက် တစိတ်တပိုင်း မီးမောင်းထိုးပြခြင်း ဖြစ်ပါတယ်။ 

       အားကောင်းတဲ့ ပညာရေးစနစ်ကြီးတွေကို မောင်းနှင်ခဲ့ကြတာက တနည်းပြောရရင် အရပ်ဖက်အဖွဲ့အစည်းတွေပါ။ သံဃာတော်များနှင့် အသင်းဝင်မြို့မိမြို့ဖတွေပါ။ အခုပွင့်လင်းတဲ့ခေတ်ပြောင်းမှာ ကျွန်တော်တို့ အားကောင်းတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ဖွဲ့စည်းထူထောင်ကြဖို့ အချိန်ကြနေပါပြီ။ အရပ်ဖက်အဖွဲ့အစည်းတွေဆိုတာ ကျွန်တော်တို့ တစ်ဦးချင်း၊ တစ်ယောက်ချင်းရဲ့ ကိုယ်တိုင်အားထုတ်ပါဝင်မှုအစုအစည်းတွေ မဟုတ်ပါလားဗျာ။ 

        တတ်နိုင်သမျှ ဆွမ်းလောင်းအသင်းမှ စလို့ ဗုဒ္ဓဘာသာလူငယ်အသင်း၊ စာကြည့်အသင်းတွေမှာ တနိုင်တပိုင် အဖွဲ့ဝင်ကြပြီး၊ အဖွဲ့အစည်းနှင့် လုပ်တတ်ကိုင်တတ်ခြင်း ၊ ဦးဆောင်မှုပေးတတ်ခြင်း၊ နောက်လိုက်ကောင်းအဖြစ် ကျရာနေရာမှ အကောင်အထည်ဖေါ်တတ်ခြင်း …စတဲ့ နည်းစနစ်များကို ကိုယ်တိုင်ပါဝင်လေ့ကျင့်ကြဖို့ အချိန်အခါကြရောက်ပြီမို့ တတ်နိုင်သမျှ မြန်မာလူ့အဖွဲ့အစည်းအတွက် ထည့်ဝင်ပေးလိုက်ကြပါစို့။
     
(ကျွန်တော် သိရှိသလောက် မျှဝေခြင်း ဖြစ်ပါတယ်။ )                           
( Zawgyi )
     အစိုးရက က်င္းပတဲ႔ ဓမၼာစရိယစာေမးပြဲ ဆိုတာက ဒီအသင္းႀကီး ႏွစ္ခု ထက္ ေနာက္က်ပါတယ္။ အခုအသင္းႀကီးႏွစ္ခုက ဓမၼာစရိယဘြဲ႔ရၿပီးတဲ႔ ရဟန္းေတာ္ေတြဆိုရင္ ရဟန္းအခ်င္းခ်င္း စာတတ္တယ္ ဆိုၿပီး ေလးစားၾကတာပါ။ စာစစ္အေျဖလႊာတိုင္းရဲ႕ ပထမဆုံးစာမ်က္ႏွာ အေပၚဆုံးမွာ ခုံနံပါတ္တပ္ဖို႔ ကြက္လပ္ေပးထားပါတယ္။ ကြက္လပ္ထဲမွာ ခုံနံပါတ္က လြဲလို႔ အျခားဘာမွ ေရးခြင္႔ မရိွပါဘူး။ အဲဒီကြက္လပ္ရဲ႕ေအာက္မွာ စာရြက္ကို အလြယ္တကူ ဆြဲၿဖဲလို႔ရေအာင္း အပ္ေပါက္စက္နဲ႔ အေပါက္ေတြ စီၿပီး၊ ေဖါက္လိုက္ပါတယ္။ ၿပီးေတာ႔ ထိုကြက္လပ္အတြင္းနဲ႔ ကြက္လပ္အျပင္ကို လွ်ိဳ႕ဝွက္ဂဏန္းတစ္ခု ရိုက္ပါတယ္။ ကြက္လပ္အတြင္းမွာ ၈၆၆ ဆိုတဲ႔ ဂဏန္းကို ရိုက္လုိက္ရင္၊ ကြက္လပ္အျပင္မွာလဲ ၈၆၆ ဆိုတဲ႔ ဂဏန္းကို ရိုက္လိုက္တာပါ။ 

          ေနာက္ၿပီးမွ အပ္ေပါက္ေဖါက္ထားတဲ႔ ကြက္လပ္ပါတဲ႔ အျခမ္းကို ၿဖဲထုတ္လိုက္ပါတယ္။ အဲဒီကြက္လပ္ထဲမွာ ခုံနံပါတ္ေရးထားပါတယ္။ အဲဒီအပိုင္းကို မီးခံေသတၱာထဲကို ထည္႔သိမ္းထားတာပါ။ ေနာက္ဆုံးစာစစ္လို႔ ၿပီးမွ အဲဒီအပိုင္းနဲ႔ က်န္တဲ႔ အေျဖလႊာအပိုင္းကို ျပန္ေပါင္းတာပါ။ ျပန္ေပါင္းတဲ႔အခါ လွ်ိဳ႕ဝွက္နံပါတ္ေတြရဲ႕ အကူအညီနဲ႔ပါ။ ဥပမာ… ကြက္လပ္ပါတဲ႔အျခမ္းက ၈၆၆ ဆိုရင္ အျခားအျခမ္းက ၈၆၆ နဲ႔ ျပန္ဆက္ေပးလိုက္တာပါ။ 

          အဲဒီေတာ႔ စာစစ္ေနစဥ္အတြင္း ဘယ္ခုံနံပါတ္ဆိုတာကို သိခြင္႔မရပါဘူး။ ေနာက္ဆုံး အပိုင္းႏွစ္ခုျပန္ေပါင္းမွ ခုံနံပါတ္ေတြ ေပၚလာတာပါ။ အဲဒီအခါ စာစစ္မႈက ၿပီးဆုံးသြားၿပီ ျဖစ္လို႔ အမွတ္ပိုေပးလို႔မရ၊ ေလွ်ာ႔ေပးလို႔မရေတာ႔ပါဘူး။ ထိုစာစစ္တဲ႔ နည္းတူ စာေမးပြဲ ေမးခြန္းထုတ္မဲ႔ ဘုန္းႀကီးေတြကိုလဲ အသင္းက ဘယ္ဘာသာရပ္ကို ဘယ္ဆရာေတာ္ေမးခြန္းထုတ္မယ္ဆိုတာကို ႀကိဳတင္ မေျပာပါဘူး။ ေမးခြန္းထုတ္ခ်ိန္ေရာက္မွ ဆရာေတာ္ေတြကို သြားပင္႔တာပါ။ ေမးခြန္းထုတ္ၿပီး သည္မွ စာေမးပြဲေျဖၿပီးသည္အထိ ဆရာေတာ္ကို ေက်ာင္းကို မျပန္ခိုင္းေတာ႔ပါဘူး။ အဲဒီလို တင္းက်ပ္ခဲ႔တာပါ။ အခု ေျပာျပတဲ႔ လုပ္ေဆာင္ၾကပုံေတြကေတာ႔ လြန္ခဲ႔တဲ႔ႏွစ္ေပါင္း ၅၀ခန္႔က လုပ္ကိုင္ပုံေတြပါ။ အခုေတာ႔ အဘယ္ကဲ႔သို႔ ေဆာင္ရြက္ၾကသလဲ ဆိုတာ အေသးစိတ္ မသိပါဘူး။ တင္းက်ပ္တဲ႔ စည္းကမ္းနဲ႔ လုပ္ပုံကိုင္ပုံေတြကို ေလွ်ာေပးၾကမယ္ေတာ႔ မထင္ပါဘူး ။ အဲဒါေၾကာင္႔ သီဟိုဌ္ျပည္သြားၿပီး ေဒါက္တာဘြဲ႔ ယူလာတဲ႔ ရဟန္းေတြ ႏွင္႔ ႏႈိင္းယွဥ္လိုက္လွ်င္၊ ထို အဖြဲ႔အစည္းႏွစ္ခုမွ ေအာင္ျမင္တဲ႔ ရဟန္းေတာ္ေတြကို ပိုၿပီးေလးစားၾကပါတယ္ ။ ရဟန္းေတာ္ အခ်င္းခ်င္းကို ေလးစားၾကတာပါ။ 

          အဲဒီလို အဖြဲ႔အစည္းႀကီးေတြ ကၽြန္ေတာ္တို႔ႏိုင္ငံမွာ ေအာင္ျမင္ခဲ႔တာပါ။ ကၽြန္ေတာ္တို႔ႏိုင္ငံရဲ႕ ဒီလိုတင္းက်ပ္ၿပီး၊ စည္းကမ္းရိွတဲ႔ သံဃာအဖြဲ႔အစည္းေတြက ျမန္မာႏိုင္ငံပညာေရးကို ေက်ာေထာက္ေနာက္ခံျပဳခဲ႔ဖူးပါတယ္။ အဲဒီလို ေကာင္းမြန္တဲ႔အစဥ္အလာေတြရိွခဲ႔ရဲ႕သားနဲ႔ ကၽြန္ေတာ္တို႔ေခတ္ေရာက္မွ ညံ႔ၾကေတာ႔မွာလား။ ပညာေရးဆိုတာကို လိုအပ္ရင္ ျပင္ပမွ တင္သြင္းရပါမယ္။ ႏိုင္ငံျခားကို ပညာသင္ေတြသြားရပါမယ္။ အဲဒါေတြကို အျပစ္ေျပာေနတာ မဟုတ္ပါဘူး။ ကိုယ္႔ႏိုင္ငံရဲ႕ ေကာင္းမြန္တဲ႔အစဥ္အလာေတြကို သိရိွသေလာက္ တစိတ္တပိုင္း မီးေမာင္းထိုးျပျခင္း ျဖစ္ပါတယ္။ 

       အားေကာင္းတဲ႔ ပညာေရးစနစ္ႀကီးေတြကို ေမာင္းႏွင္ခဲ႔ၾကတာက တနည္းေျပာရရင္ အရပ္ဖက္အဖြဲ႔အစည္းေတြပါ။ သံဃာေတာ္မ်ားႏွင္႔ အသင္းဝင္ၿမိဳ႕မိၿမိဳ႕ဖေတြပါ။ အခုပြင္႔လင္းတဲ႔ေခတ္ေျပာင္းမွာ ကၽြန္ေတာ္တို႔ အားေကာင္းတဲ႔ အရပ္ဖက္အဖြဲ႔အစည္းေတြ ဖြဲ႔စည္းထူေထာင္ၾကဖို႔ အခ်ိန္ၾကေနပါၿပီ။ အရပ္ဖက္အဖြဲ႔အစည္းေတြဆိုတာ ကၽြန္ေတာ္တို႔ တစ္ဦးခ်င္း၊ တစ္ေယာက္ခ်င္းရဲ႕ ကိုယ္တိုင္အားထုတ္ပါဝင္မႈအစုအစည္းေတြ မဟုတ္ပါလားဗ်ာ။ 

        တတ္ႏိုင္သမွ် ဆြမ္းေလာင္းအသင္းမွ စလို႔ ဗုဒၶဘာသာလူငယ္အသင္း၊ စာၾကည္႔အသင္းေတြမွာ တႏိုင္တပိုင္ အဖြဲ႔ဝင္ၾကၿပီး၊ အဖြဲ႔အစည္းႏွင္႔ လုပ္တတ္ကိုင္တတ္ျခင္း ၊ ဦးေဆာင္မႈေပးတတ္ျခင္း၊ ေနာက္လိုက္ေကာင္းအျဖစ္ က်ရာေနရာမွ အေကာင္အထည္ေဖၚတတ္ျခင္း …စတဲ႔ နည္းစနစ္မ်ားကို ကိုယ္တိုင္ပါဝင္ေလ႔က်င္႔ၾကဖို႔ အခ်ိန္အခါၾကေရာက္ၿပီမို႔ တတ္ႏိုင္သမွ် ျမန္မာလူ႔အဖြဲ႔အစည္းအတြက္ ထည္႔ဝင္ေပးလိုက္ၾကပါစို႔။
     
(ကၽြန္ေတာ္ သိရိွသေလာက္ မွ်ေဝျခင္း ျဖစ္ပါတယ္။ )